၂၀၂၂ခုနှစ် Emmys Awards အတွက် ဆန်ခါတင် (၁၄) ခု ဝင်ခဲ့တဲ့ Squid Game

14-7-2022-07.jpg

Netflix ရဲ့အအောင်မြင်ဆုံး ကိုရီးယားစီးရီး Squid Game ဟာ ၇၄ ကြိမ်မြောက် Emmy Awards မှာ အကောင်းဆုံးဒရာမာစီးရီးအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့စီးရီးဖြစ်လာခဲ့ပါတယ်။

တစ်ချိန်လုံး လူကြည့်အများဆုံး Netflix စီးရီးလည်းဖြစ်တဲ့ Squid Game က အကောင်းဆုံးခေါင်းဆောင်မင်းသားဆု (လီဂျောင်ဂျေး)၊ အကောင်းဆုံးဇာတ်ပို့မင်းသားဆု (ပတ်ခ်ဟယ်ဆူ နဲ့ အိုယောင်းဆု)၊ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု (ဂျန်ဟိုယွန်း) အပါအဝင် ဆန်ခါတင် (၁၄) ခု ဝင်ခဲ့ပါတယ်။

“Squid Game က Emmy Awards အတွက် ဆန်ခါတင်စာရင်းဝင်တဲ့ ပထမဆုံးအင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ စီးရီးဖြစ်လာခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ဝမ်းမြောက်ပြီး ဂုဏ်ယူရပါတယ်။ Squid Game ရဲ့ Emmy ဆန်ခါတင်စာရင်းဝင်မှုက ယဉ်ကျေးမှုနဲ့ ဘာသာစကားအတားအဆီးတွေကို ကျော်လွန်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ပျော်ရွှင်ကျေနပ်မှုတွေကို ခံစားမိစေဖို့ ကမ္ဘာတစ်ဝှမ်းလုံးအတွက် အခွင့်အလမ်းတွေပိုပြီးဖွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ် က ပြောပါတယ်။

Emmys Awards အတွက် ဆန်ခါတင်ဝင်တာ အများဆုံးကတော့ HBO ရဲ့ Succession စီးရီးပါ။ အဲဒီစီးရီးက ဆန်ခါတင် (၂၅) ခု ဝင်ခဲ့တာပါ။ (၇၄) ကြိမ်မြောက် Emmy ဆုပေးပွဲဟာစက်တင်ဘာ ၁၂ ရက်နေ့၊ လော့စ်အိန်ဂျယ်လိစ်မြို့က Microsoft Theater မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: 8daysSingapore “Squid Game Makes History As First Non-English Best Drama Nominee At 2022 Emmys, Scores 14 Nominations Including 4 For Acting”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top