ကလေးတွေ သွားတိုက်ဆေး အလွန်အမင်း သုံးခြင်းကြောင့် သွားရောဂါဖြစ်စေနိုင်

tt2.jpg

လေ့လာချက်အရ ကလေးအယောက် ၄၀ ရာခိုင်နှုန်းလောက်ဟာ သွားတိုက်ဆေးတွေ အများကြီး အသုံးပြုမိနေကြပါတယ်။ သွားတိုက်တာဟာ ခံတွင်းကျန်းမာရေးအတွက် အရေးကြီးဆုံးဖြစ်တယ်ဆိုတာ ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ သွားတိုက်တဲ့နည်းလမ်းရော မှန်ရဲ့လား…

ကိုယ့်သားသမီးရဲ့ သွားလေးတွေကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ပြီးရင် ကလေးတွေ ငယ်ရွယ်တဲ့အချိန်ကတည်းက နည်းစနစ်မှန်တဲ့ သွားတိုက်နည်းကို သင်ကြားပေးတာဟာ အရွယ်ရောက်လာတဲ့အချိန်မှာ လှပပြီးကျန်းမာတဲ့သွားတွေကို ပိုင်ဆိုင်နိုင်စေပါတယ်။

လေ့လာမှုအသစ်ကနေ တွေ့ရှိရတဲ့စိုးရိမ်စရာအချက်ကတော့ ကလေးအယောက် ၄၀ ရာခိုင်နှုန်းလောက်ဟာ သွားတိုက်တဲ့အခါ သွားတိုက်ဆေးတွေ အလွန်အမင်း အသုံးပြုတာကြောင့် သွားတွေပျက်စီးမှုကို ကြုံတွေ့နေရပါတယ်။

အမေရိကန်နိုင်ငံရဲ့ရောဂါရှာဖွေရေးနဲ့ ကာကွယ်ရေးစင်တာက အသက် ၃ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးအယောက် ၅၀၀၀ ကို သွားစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ကလေးတွေဟာ သွားတိုက်ဆေးကို ပဲစေ့အရွယ်အစား ပမာဏထက် ပိုမိုသုံးစွဲနေတာကို သုတေသနပြုသူတွေ တွေ့ခဲ့ရပါတယ်။

သွားတိုက်ဆေးမှာပါဝင်တဲ့ ဖလိုရိုဒ်ဆိုတာ ဂရုတစိုက်အသုံးပြုရင် အကျိုးကျေးဇူးအများကြီး ရရှိနိုင်ပါတယ်။ ဖလိုရိုဒ်ဟာ သွားတွေ ပျက်စီးယိုယွင်းခြင်းကို ကာကွယ်ရာမှာ ကောင်းမွန်ပေမဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးပြီးတဲ့သွားတွေမှာ အများအပြားသုံးမိရင် သွားမှာအစင်းကြောင်းဖြစ်တာတွေ၊ အစက်အပြောက်ဖြစ်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ကလေးတွေအတွက် ထုတ်ထားတဲ့သွားတိုက်ဆေး အမျိုးအစားတွေ အများကြီးရှိပါတယ်။ လူကြီးသုံးတဲ့သွားတိုက်ဆေးတွေ သုံးလို့မရဘူးလား မဟုတ်ဘူး။ သုံးလို့ရပါတယ်။ သွားတိုက်ဆေးပမာဏကို ချင့်ချိန်ပြီး သုံးပေးဖို့ပါပဲ။ ပြီးရင် သွားတိုက်ပြီးတဲ့အခါမှာ ပလုတ်ကျင်းဆေးရည် အသုံးမပြုသင့်ပါဘူး။ ပလုတ်ကျင်းဆေးရည်ကို နေ့လည်စာစားပြီးတဲ့အချိန်မျိုးပဲဖြစ်ဖြစ်၊ အစာစားပြီးတဲ့အချိန်မျိုးမှာပဲ သုံးသင့်ပါတယ်။

Ref: www.goodtoknow.co.uk
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top