အဓမ္မကျင့်ဖို့ကြိုးစားသူရဲ့လက်ကနေ ဆယ်ကျော်သက်မိန်းကလေးကို အမျိုးသားတစ်စုက ကယ်တင်

gg2.jpg

မန်ချက်စတာမြို့မှာ အမျိုးသားတစ်ယောက်က (၁၇)နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို မတော်မတရားပြုကျင့်ဖို့ကြိုးစားခဲ့တဲ့အတွက် အမျိုးသားတစ်စုက တားဆီးကာကွယ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့လာဖမ်းဆီးတဲ့အထိ အဲဒီအမျိုးသားကို ချုပ်နှောင်ထားခဲ့ပြီး စောင့်ကြည့်ပေးခဲ့ပါတယ်။ အခုလိုကယ်တင်ပေးခဲ့တဲ့ အမျိုးသားတစ်စုကို ထောက်လှမ်းရေးတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

Greater Manchester ရဲဌာနမှ ထောက်လှမ်းရေးမှူး ကာလ်ဝက်တ်က “မတရားပြုကျင့်ဖို့ကြိုးစားခံခဲ့ရတဲ့ မိန်းကလေးဟာ ဆေးစစ်ကုသမှုကိုခံယူနေပြီး တုန်လှုပ်ချောက်ခြားဖွယ်ရာ အဖြစ်အပျက်ကြီးကနေ ကျော်ဖြတ်နိုင်ဖို့ ကူညီပေးသွားမှာဖြစ်ပြီး မတရားပြုကျင့်သူလက်ကနေ တားဆီးကယ်တင်ပေးခဲ့တဲ့အမျိုးသားတစ်စုကို ချီးကျူးဂုဏ်ပြုချင်မိပါတယ်။

ဒီဖြစ်ရပ်ဟာ ရာဇဝတ်မှု (Crime) တားဆီးရေးအတွက် ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုရဲ့စံနမူနာကောင်း တစ်ရပ်ပါ။ သူတို့ရဲ့ ပံ့ပိုးကူညီမှုအတွက် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

စာဖတ်ပရိသတ်တွေကလည်း ဆယ်ကျော်သက်မိန်းကလေးကို ကယ်တင်ပေးခဲ့တဲ့ လူတစ်စုလိုပဲ မိန်းကလေးတွေကို ကိုယ့်နှမရင်းသဖွယ် ကူညီဖေးမကယ်တင်ပေးဖို့တာဝန်ရှိပါတယ်နော်။ မြန်မာနိုင်ငံမှာလည်း သက်ငယ်မုဒိန်းမှု၊ မိန်းကလေးတွေကို အဓ္ဓမပြုကျင့်မှုတွေ မဖြစ်ပွားအောင် ရဲတပ်ဖွဲ့တွေနဲ့ပြည်သူတွေ အတူတူပူပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

Ref:Dailymail “Police praise men who stop rape of girl, 17, in car park and hold the suspect until officers arrive”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top