အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုချမ်းတတ်ရတဲ့ အကြောင်းရင်း

closeup-of-young-woman-in-wintertime-outdoor-snow-PLXBHSE.jpg

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အအေးဒဏ်ပိုပြီး မခံနိုင် ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

ကိုယ်တွင်း အပူချိန်

အမျိုးသား နှင့် အမျိုးသမီး ၂ ဦး စလုံးရဲ့ ကိုယ်တွင်း အပူချိန်က တစ်နေ့တာလုံး အတက်အကျ ရှိတယ်ဆိုပေမယ့် အမျိုးသမီး တွေရဲ့ ကိုယ်တွင်း အပူချိန်က ပိုမြင့်မားပါတယ်။ ဒါဆို မိန်းကလေးက ဘယ်လိုလုပ်ချမ်းမှာလဲ မေးစရာရှိပါတယ်။ သူတို့က ကိုယ်တွင်း အပူချိန် နွေးနွေးနဲ့ နေစရှိတော့ ချမ်းတဲ့ဒဏ်ကို ပိုပြီး မခံနိုင်တာပါ။

အအေးဓာတ်လွန်ကဲသူများ

တချို့ မိန်းကလေးတွေဆို အရမ်းချမ်းတတ်လို့ လက်လေးနှစ်ဖက်ကိုပွတ်ပြီး နွေးအောင် လုပ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပျှမ်းမျှအနေနဲ့ မိန်းကလေးတွေရဲ့ လက်ဖျား နဲ့ခြေဖျားက ယောက်ျားလေးတွေထက် ၃ ဒီဂရီ ပိုအေးလို့ပါ။ ဒီလိုမျိုး ဖြစ်ရတာကလည်း မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်က အပူချိန်ကို ပိုပြီးထိန်းထားနိုင်လို့ပါ။ ဒါကြောင့်လည်း အေးလာတဲ့ အချိန် အပူတွေကို ပြန်စုပ်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီ အနွေးဓာတ်ပေးနေတဲ့ အတွက် လက်ဖျား ခြေဖျားတွေမှာ အေးနေတာပါ။

ဇီဝကမ္မဖြစ်စဉ်

အမျိုးသားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်က အမျိုးသမီးတွေထက် ၂၃ ရာခိုင်နှုန်းပိုပြီး လည်ပတ်နေပါတယ်။ ဇီဝကမ္မဖြစ်စဉ်နှုန်းဆိုတာက သင့်ခန္ဓာကိုယ်က အစာတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ် စက်ယန္တရားကြီး လည်ပတ်ဖို့ လောင်စာအဖြစ် ပြောင်းနိုင်တဲ့နှုန်းကို ပြောတာပါ။ ဒီဖြစ်စဉ်က သင့်ကို အပူဓာတ် ပေးပါတယ်။ အမျိုးသားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်က ပိုမြန်တဲ့အတွက် ကယ်လိုရီတွေ မြန်မြန်လောင်ကျွမ်းပြီး အပူဓာတ် ပိုထုတ်ပေးတာပါ။ ဆန့်ကျင်ဘက် အနေနဲ့ အမျိုးသမီးတွေမှာ ဇီဝကမ္မဖြစ်စဉ် ပိုနှေးလို့ ပိုအေးတာ ဖြစ်ပါတယ်။

အအေးဓာတ်များတဲ့နေရာ

အလုပ်ခွင်မှာ aircon အရမ်းအေးအောင် ဖွင့်ထားတာမျိုးဆိုရင် အမျိုးသမီးတွေအတွက် အဆင်မပြေပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ရုံးတက် ဖက်ရှင် ဒီဇိုင်းက မတူ ကွဲလွဲနေတဲ့အတွက် အမျိုးသမီးတွေက အအေးဒဏ် မခံနိုင်တာပါ။

ဟော်မုန်းမညီမျှခြင်း

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အပူချိန်က ရာသီ ဓမ္မတာ အချိန်အလိုက် အပြောင်းအလဲ အတက်အကျ ရှိနေပါတယ်။ ကလေးမွေးဖွားပြီးစ အမျိုးသမီးတွေမှာဆို ခန္ဓာကိုယ် အပူချိန် အပြောင်းအလဲက ပိုပြီးသိသာပါတယ်။ ဒါကြောင့် မို့ သူတို့ရဲ့ ရာသီစက်ဝန်းကို လိုက်ပြီး အမျိုးသမီးတွေက သာမန်ထက်ပိုပြီး အအေးဓာတ် မခံနိုင်တာပါ။

Ref: Reader’s Digest: Health/why women are always colder than men/

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top