မူးယစ်ရာဇာ အီချာပိုဂတ်ဇ်မန်းက ပြိုင်ဘက်ကို အရှင်လတ်လတ် မြေမြှုပ်ခဲ့

intl-short-006.jpg

မူးယစ်ရာဇာ အီချာပိုဂတ်ဇ်မန်းက ပြိုင်ဘက်ကို အရှင်လတ်လတ် မြေမြှုပ်ခဲ့တယ်လို့ သက်တော်စောင့်ဟောင်း ထွက်ဆို

မက္ကဆီကိုနိုင်ငံက မူးယစ်ရာဇာ အီချာပိုဂတ်ဇ်မန်းက ပြိုင်ဘက်တစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်ပစ်ခဲ့တယ်လို့ သူ့ရဲ့ သက်တော်စောင့်ဟောင်းက ထွက်ဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့က ရုံးတင်စစ်ဆေးမှုနဲ့ အီချာပိုဂတ်ဇ်မန်းနဲ့ပတ်သက်ပြီး အသေးစိတ်ကျကျ ထွက်ဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီချာပိုဂတ်ဇ်မန်းရဲ့ လူယုံဖြစ်တဲ့ လက်မရွံ့လူသတ်သမားဟာ အမေရိကန်နယ်စပ်နားက သူ့ခြံဝင်းထဲမှာ လျှို့ဝှက်လူသတ်ခန်း တည်ဆောက်ထားပြီး အဲဒီအခန်းထဲကို ဝင်သွားတဲ့လူကတော့ အရှင်လတ်လတ် ပြန်ထွက်လာရိုး ထုံးစံမရှိဘူးလို့ အီချာပိုဂတ်ဇ်မန်းရဲ့ မူးယစ်ဆေးဝါးဂိုဏ်းဝင်တစ်ဦးက ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။ အဲဒီလူသတ်ခန်းထဲမှာ လူသတ်ပြီးရင် ဆေးကြောသန့်စင်ဖို့ လွယ်ကူအောင် မြောင်းဖော်ထားပြီး နံရံတွေမှာ အသံလုံတဲ့ အုတ်ကြွပ်ပြားတွေ ကာထားတယ်လို့ ဆိုပါတယ်။

အီချာပိုဂတ်ဇ်မန်းဟာ သူ့ရဲ့မူးယစ်ဆေးဝါး ဖြန့်ချိရေးလုပ်ငန်းမှာ မယားငယ်တွေကို အသုံးပြုခဲ့ပြီး သူ့မိန်းမ အမ်မာကော်ရိုနယ်နဲ့ သူ့မယားငယ်တွေကို Flexi-spy ဆော့ဖ်ဝဲနဲ့ ခြေရာခံစောင့်ကြည့်ခဲ့ပါတယ်။ အဲဒီဆော့ဖ်ဝဲကြောင့် FBI က အီချာပိုဂတ်ဇ်မန်းရဲ့ မက်ဆေ့တွေကို တရားရုံးမှာ တင်ပြနိုင်ခဲ့ပါတယ်။ ဆိုင်နာလိုအာဂိုဏ်းကနေ တခြားဂိုဏ်းကို ပြောင်းရွှေ့သွားသူ ၂ ယောက်ကို သစ္စာဖောက်တွေလို့ စွပ်စွဲပြီး သူ့ဂိုဏ်းသားတွေက ဝိုင်းထားချိန်မှာ အီချာပိုဂတ်ဇ်မန်းက သူတို့ ၂ ယောက်ကို ၄ နာရီကြာအောင် ရိုက်နှက်ခဲ့ပါတယ်။ သူတို့ ၂ ယောက်လုံး အရိုးတွေ ကျိုးကြေပြီး မလှုပ်နိုင်အောင် ဖြစ်နေပေမဲ့ အီချာပိုဂတ်ဇ်မန်းက ဆက်ရိုက်နေတုန်းပဲလို့ သူ့ရဲ့ သက်တော်စောင့်ဟောင်း ရီယို့စ်က ထွက်ဆိုခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ အရီလာနိုဖီးလစ်ဂိုဏ်းသားပါ။ အီချာပိုဂတ်ဇ်မန်းက သံပြားကို မီးဖုတ်ပြီး သူ့ကျောမှာ ကပ်ခဲ့လို့ သူ့အင်္ကျ ီစတောင် သူ့အသားမှာ ကပ်သွားခဲ့တယ်လို့ ရီယို့စ်က ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကားပေါ်က မီးကွိုင်(car lighter)နဲ့ သူ့တစ်ကိုယ်လုံးကို ထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ကို သစ်သားပုံးထဲမှာ ရက်တော်တော်ကြာအောင် ပိတ်ထားခဲ့ပါတယ်။ နောက်ဆုံးမှာ မျက်လုံးကို အဝတ်စည်းပြီး ခြေ၊ လက်တွေကို ကြိုးတုပ်ထားလျက်နဲ့ သင်္ချု ိင်းကို ခေါ်သွားခဲ့ပါတယ်။ အီချာပိုဂတ်ဇ်မန်းက မေးမြန်းမှုလုပ်နေချိန်မှာ အဲဒီသူက ပြန်ဖြေခဲ့ပေမဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ အီချာပိုဂတ်ဇ်မန်းရဲ့ ဆိုင်နာလိုအာဂိုဏ်းဟာ အမေရိကန်နိုင်ငံကို မူးယစ်ဆေးဝါး အများဆုံးတင်ပို့တဲ့ဂိုဏ်းဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top