ဖိနပ်မှားစီးလာခဲ့တဲ့ ဘွဲ့ယူမယ့်ကျောင်းသားအတွက် သူ့ရဲ့ဖိနပ်တစ်စုံကို ချွတ်ပေးခဲ့တဲ့ ဆရာတစ်ဉီး

unnamed.png

လူဝီစီယားနားပြည်နယ်က Hahnville High School ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပနေစဉ်အတွင်းမှာ ဖိနပ်မစီးဘဲ ခြေအိတ်ကိုသာဝတ်ဆင်ပြီး မတ်တပ်ရပ်နေတဲ့ ဆရာတစ်ဉီးကို အခမ်းအနားတက်ရောက်လာသူတွေက မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဆရာက ဘာလို့ ဖိနပ်မဝတ်ထားရလဲဆိုရင် အကြောင်းအရင်းရှိပါတယ်။ ဘွဲ့ယူတော့မယ့် ကျောင်းသာလေး ဒါဗီရီယက် ပီတာစ် (Daverius Peters) ကို သူ့ရဲ့ဖိနပ် ချွတ်ပြီးပေးလိုက်လို့ပါပဲ။ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒါဗီရီယက်က ဘွဲ့နှင်းအခမ်းအနားရဲ့သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ ဖိနပ်ကို မှားစီးခဲ့လို့ပါ။

ကျောင်းသားလေး ဒါဗီရီယက်က ဂျွန်ဆီလာပြီး “ဆရာ သူတို့တွေက ကျွန်တော့်ကို ဘွဲ့ယူခွင့်မပြုတော့ဘူး” လို့ ပြောပါတယ်။ ဂျွန်ကလည်း ဘာလို့လဲ ပြန်မေးလိုက်တော့ “ကျွန်တော် ဝတ်ထားတဲ့ဖိနပ်တွေကြောင့်” လို့ ဒါဗီရီယက်က ဆိုပါတယ်။ ဘာလို့ ဒါဗီရီယက်ကို ဘွဲ့တက်ပြီး မယူစေခဲ့လဲဆိုတော့ ဒါဗီရီယက်က ဘွဲ့နှင်းအခမ်းအနားရဲ့သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အဖြူရောင်လိုင်းပါတဲ့အနက်ရောင် Sneaker ကို ဝတ်ဆင်ခဲ့လို့ပါ။

ဒါဗီရီယက်က ဂျွန်ကို မြင်တွေ့ပြီး သူ ဘာဖြစ်နေလဲဆိုတာ ပြောပြခဲ့တာပါပဲ။ “ကျွန်တော် အများကြီးစဉ်းစားမနေတော့ဘဲ ကျွန်တော် စီးထားတဲ့ဖိနပ်တွေကို ချွတ်ပြီး ကျောင်းသားလေးကို ပေးလိုက်ပါတယ်” လို့ ဂျွန်က ဆိုပါတယ်။ ဆရာဂျွန်ရဲ့ဖိနပ်တွေက ကျောင်းသားလေးအတွက် ကြီးနေပြီး ချောင်နေပေမဲ့ အဲဒီအခိုက်အတန့်မှာ ပျော်ရွှင်သလိုခံစားခဲ့ရပြီး ဘွဲ့ယူရမယ့်အချိန် ၆ နာရီကို မစောင့်နိုင်တော့ဘဲ စတိတ်စင်ပေါ်တက်ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်လို့ ဒါဗီရီယက်က ပြောပါတယ်။

ဒါဗီရီယက်က ဆရာဂျွန်ကို ဟီးရိုးတစ်ယောက်အဖြစ် သတ်မှတ်ထားပါတယ်။ ဆရာဂျွန်ကတော့ “အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြင်နာတတ်ပါစေ။ စဉ်းစားတွေးခေါ်တတ်ပါစေ။ စာနာတတ်ပါ၊ အခြားလူတွေ ဘယ်နေရာကလာတယ်ဆိုတာကို နားလည်ရန်ကြိုးစားပါ။ ကျွန်တော်တို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အကောင်းဆုံးလူသားဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါတယ်။ နေ့ရက်တိုင်းလည်း စံနာမူနာကောင်းအဖြစ် ဦးဆောင်နိုင်အောင် ကြိုးစားပါတယ်” လို့ ပြောပါတယ်။

Ref: CBSNews “A student was turned away from his graduation ceremony for wearing the wrong shoes. His teacher gave him the pair off his own feet”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top