ပေါင် (၈၀) ရှိတဲ့ စတာဂျင်ငါးကြီးကို ဖမ်းမိခဲ့တဲ့ (၉) နှစ်သားလေး

14-5-2020-yyl-002.jpg

တင်နက်ဆီပြည်နယ်က အသက် (၉) နှစ်အရွယ် ကောင်လေးဟာ သူ့မိသားမှာ ပေါင် (၈၀) ရှိတဲ့ ငါးကြီးကို ဖမ်းမိခဲ့တဲ့တတိယမြောက်သားဖြစ်လာခဲ့ပါတယ်။ အဲဒီကောင်လေး ကိုရီ ပရိုက်က သူ့အစ်မ၊ညီမတွေနဲ့အတူ ငါးမြှားနေတာဖြစ်ပါတယ်။ သူ့ရဲ့အစ်မကိတ်လင်းက ပေါင် (၄၀) ရှိတဲ့ငါးကို ဖမ်းမိခဲ့သလို သူ့ညီမ ဖာရက်ကလည်း ပေါင် (၅၈) ပေါင်ရှိတဲ့ငါးကြီးကို ဖမ်းမိခဲ့တဲ့အတွက် ကိုရီကလည်း အရွယ်အစားကြီးတဲ့ ငါးတစ်ကောင်ကောင်ကို ဖမ်းမိချင်စိတ်ဖြစ်ပေါ်ခဲ့တယ်လို့ Tennessee Wildlife and Resource Agency အရ သိရပါတယ်။

“ဒီမိန်းကလေးတွေလို ကျွန်တော် ဘာတစ်ခုမှာမရဘူး။ ငါးအကြီးကြီး ဖမ်းမိရမယ်လို့ ကိုရီကပြောနေခဲ့တာ။ ဒါကြောင့် သားက သမီးတွေထက် ပိုကြီးတဲ့ငါးကို ဖမ်းမိခဲ့တဲ့အပြင် သူဖမ်းမိတဲ့ငါးက ရှားပါးငါးလည်းဖြစ်ပါတယ်”လို့ ကိုရီရဲ့ဖခင် ခရစ်က ပြောပါတယ်။ ကိုယ်အလေးချိန် (၅၅) ပေါင်သာရှိတဲ့ ကိုရီက စတာဂျင်ငါးကြီးကို ဖမ်းမမိခင်မှာ Old Hickory Lake ထဲကနေ ငါးခူကြီးကို ဖမ်းမိဖို့ ပစ်မှတ်ထားနေခဲ့တာပါ။ လှေထဲကနေ ငါးကို ရဖို့အတွက် (၁၅) မိနစ်အချိန်ယူခဲ့ရကာ အလေးချိန် ချိန်ပြီး ရေထဲကို ငါးကို ပြန်မလွှတ်ခင်မှာ ပုံတစ်ချို့ကိုရိုက်ထားခဲ့ပါတယ်။

စတာဂျင်ငါးမျိုးဟာ တင်နက်ဆီပြည်နယ်က အကြီးဆုံးနဲ့အရှည်ဆုံးသက်ရှိငါးတစ်မျိုးဖြစ်ပါတယ်။ ကန်ထဲမှာ အဲဒီငါးမျိုးတွေကို မွေးမြူထားရင် (၈) ပေထိကြီးလာပြီး နှစ်ပေါင်း (၁၅၀) ထိ အသက်ရှင်နိုင်ပါတယ်။ စတာဂျင်ငါးမျိုးစိတ်က ငါးအလွန်အကျွံဖမ်းတာနဲ့ နေထိုင်ကျက်စားရာနေရာဆုံးရှုံးတာတွေအပါအဝင် အကြောင်းအရင်းတွေကြောင့် အရေအတွက်လျော့နည်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၀ဝပြည့်နှစ်ကတည်းက စတာဂျင်ငါး (၂၂၀,၀၀၀) ကျော်ကို The Cumberland River and Tennessee River ထဲမှာ မွေးမြူထားရှိတယ်လို့ Tennessee Wildlife and Resource Agency ကပြောပါတယ်။

Ref: 9-year-old boy in Tennessee catches 80-pound lake sturgeon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top