COVID-19 ကာလအတွင်း စေတနာ့ဝန်ထမ်းလုပ်နေတဲ့ တော်ဝင်မင်းသမီး ယူဂျီးနီ

14-5-2020-yyl-005.jpg

အယ်လီဇဘက်ဘုရင်မကြီးရဲ့(၆) ယောက်မြောက်မြေးတော်၊ မင်းသားအန်ဒရူးရဲ့သမီးတော် ယူဂျီးနီဟာ သူ့ရဲ့ခင်ပွန်း ဂျက် ဘရွတ်စ်ဘန့်နဲ့အတူ COVID-19 ကာလအတွင်း စားသောက်ကုန်သိုလှောင်ပေးတဲ့နေရာတွေအတွက် ပါဆယ်ထုပ်တွေ ထုပ်ပိုးတာကို ကူညီပေးနေခဲ့တယ်လို့ သိရပါတယ်။ သူဟာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ သူတွေကိုကူညီပေးဖို့အတွက် The Salvation Army ပရဟိတအဖွဲ့နဲ့ အတူ စေတနာ့ဝန်ထမ်းလုပ်ဖို့ အခွင့်သာခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။

မင်းသမီးယူဂျီးနီးက “၁၈၆၅ခုနှစ်ကတည်းက the Salvation Armyဟာ လူတော်တော်များများကို ကူညီပေးဖို့ တံခါးဖွင့်ထားတာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူတို့ရဲ့အလုပ်ကြိုးစားမှုတွေ၊ ရည်ရွယ်ချက်တွေကို မြင်တွေ့ခဲ့ဖူးပါတယ်။ဒါကြောင့် သူတို့က အခက်အခဲဖြစ်နေတဲ့သူတွေကို ပေးမယ့် ပစ္စည်းတွေကို ထုပ်ပိုးဖို့ ကျွန်မတို့ကို ဖိတ်ခေါ်ခဲ့တဲအတွက် ကျွန်မတို့ အခွင့်အရေးကို လက်လွှတ်မခံခဲ့တာပါ။ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့အနေနဲ့ ကျွန်မတို့ UK တစ်ဝှမ်းက လူထောင်ပေါင်းများစွာကို ကျွေးမွေးမယ့် နေရာတွေဆီကို ပို့ဆောင်ဖြန့်ဖြူးမယ့် စားသောက်ကုန်တွေကို ထုပ်ပိုးဖို့ ကျွန်မတို့ ကူညီခဲ့ပါတယ်။ သူတို့ရဲ့ဆောင်ပုဒ်က သော့ချက်ပါပဲ။ သူတို့ရဲ့တံခါးကို အမြဲတမ်းဖွင့်ထားပြီး အမြဲတမ်းရှိနေမှာပါ” လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

မင်းသမီးယူဂျီးနီးက UK မှာ Lockdown ချမယ်လို့ ကြေညာခဲ့တဲ့နေ့ မတ်လ (၂၃) ရက်နေ့မှာ သူ့ရဲ့အသက် (၃၀) ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့ပါသေးတယ်။ သူက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် အပတ်တိုင်း လက်ခုပ်သြဘာသံတွေနဲ့ ချီးမြှင့်ပေးဖို့ ပြည်သူတွေကို သူ့ရဲ့အင်စတာဂရမ်ကနေတဆင့် တိုက်တွန်းပြောကြားခဲ့ဖူးပါတယ်။ သူက The Elephant Family, The Teenage Cancer Trust, The Coronet Theatre နဲ့ the European School of Osteopathy အပါအဝင် ပရဟိတတော်တော်များများမှာ ကူညီပံ့ပိုးပေးနေသူဖြစ်ပါတယ်။ မင်းသမီးရဲ့ယောက္ခမကလည်း ဧပြီလက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထူးကြပ်မတ်ခန်းမှာ ကုသမှုခံယူခဲ့ရပါသေးတယ်။ သူ့ရဲ့အခြေအနေက ပြင်းထန်ခဲ့ပေမဲ့ အခုတော့ စိတ်ချရတဲ့အခြေအနေဖြစ်နေပါပြီ။

မင်းသမီးရဲ့အစ်မတော် မင်းသမီး ဘီယက်ထရစ်ကလည်း ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့ စည်းမျဉ်းတွေချမှတ်ထားတဲ့အတွက် သူ့ရဲ့မင်္ဂလာပွဲအခမ်းအနားတွေကို ဖျက်သိမ်းထားရပါတယ်။ သူ့ရဲ့သတို့သားလောင်း အီအိုယာဒို မာပယ်လီနဲ့ မင်္ဂလာပွဲအခမ်းအနားကို ဘုရင်မကြီးအယ်လီဇဘတ်ရဲ့ဥယျာဉ်မှာ မေလ (၂၉) ရက်နေ့ ကျင်းပဖို့ မင်းသားအန်ဒရူးက စီစဉ်ထားခဲ့တာပါ။ မင်းသမီးယူဂျီးနီးကတော့ ဂျက် ဘရွတ်စ်ဘန့်နဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလက Windsor Castle မှာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။

Ref: Mirror “Princess Eugenie and husband Jack deliver parcels for food banks amid coronavirus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top