မာယော့ကာနဲ့ပွဲမှာ မက်ဆီ ပါဝင် နိုင်မယ်လို့ ဘာစီလိုနာနည်းပြ ပြော

10-6-2020-yyl-009.jpg

မာ‌ယော့ကာနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်မှာ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်လာလိမ့်မယ်လို့ နည်းပြ ဆက်တီယန်က ပြောပါတယ်။ မက်ဆီဟာ ပေါင်အရှေ့ပိုင်းကြွက်သား ဒဏ်ရာကြောင့် အဖွဲ့လိုက် လေ့ကျင့်မှုတွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့တနင်္လာနေ့က အဖွဲ့လိုက် လေ့ကျင့်မှုမှာ ပြန်ပါဝင်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၃ လ ရပ်နားထားရတဲ့ လာလီဂါပြိုင်ပွဲကို လာမယ့် ကြာသပတေးနေ့မှာ စတင်မှာဖြစ်ပြီး ဘာစီလိုနာကတော့ လာမယ့်စနေနေ့ကျရင် မာယော့ကာအသင်းနဲ့ ကစားရမှာပါ။ ဘာစီလိုနာဟာ လာလီဂါပွဲစဉ် ၂၇ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား ဒုတိယနေရာက ရီးရဲလ်ကို ၂ မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဦးဆောင်နေပါတယ်။

” မာယော့ကာနဲ့ပွဲမှာ မက်ဆီ ပြန်ပါနိုင်မယ်ဆိုတာကို ကျွန်တော်တို့ သံသယမရှိပါဘူး။ တခြား ကစားသမားတွေလည်း ဒဏ်ရာပြဿနာရှိပါတယ်။ မက်ဆီကတော့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ လေ့ကျင့်မှုရပ်နားခဲ့တာပါ”လို့ ဆက်တီယန်က ပြောပါတယ်။ ဘာစီလိုနာဟာ မာယော့ကာနဲ့ ကစားပြီး ၃ ရက်အကြာမှာ လီဂါနက်စ်နဲ့ ကစားရမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်မှာတော့ ဆီဗီလာနဲ့ ကစားရမှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top