သင်းခွေချပ်ကို တရုတ်တိုင်းရင်း ဆေးကုသနည်း စာရင်းထဲကနေ ဖယ်ထုတ်

10-6-2020-yyl-017.jpg

တရုတ်တွေက သင်းခွေချပ်တွေကို သူတို့ရဲ့ တရုတ်တိုင်းရင်းဆေး ကုသနည်း စာရင်းထဲကနေ တရားဝင်ဖယ်ထုတ်လိုက်ပြီလို့ သိရပါတယ်။ အာရှနိုင်ငံတွေမှာ တွေ့ရတဲ့နို့တိုက်သတ္တဝါ သင်းခွေချပ်တွေကို သူတို့ရဲ့အကြေးခွံနဲ့အသားတွေကြောင့် လူတွေက ရှာဖွေကြတာ ဖြစ်ပါတယ်။ သင်းခွေချပ်အခွံတွေကို တရုတ်နိုင်ငံမှာ စိုးရိမ်ပူပန်တာ၊ ကလေးတွေ ရှိုက်ကြီးတငင် ငိုကြွေးတာ၊ ငှက်ဖျားရောဂါ၊ နားထိုင်းတာတွေကို ကုသတဲ့နည်းလမ်းအနေနဲ့ အသုံးပြုကြပါတယ်။ ဒါ့အပြင် သွေးကြောပွင့်အောင်၊ သွေးလည်ပတ်မှု ကောင်းအောင် အတွက်လည်း အသုံးပြုကြပါတယ်။ သင်းခွေချပ်အကြေးခွံက သူတို့ကို တိုက်ခိုက်တာကနေ ကာကွယ်တဲ့အတွက် အကြေးခွံကိုမျိုချတဲ့ လူသားတွေကိုလည်း ကာကွယ်မှုပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

သင်းခွေချပ်ရဲ့အသားကိုလည်း တရုတ်နိုင်ငံမှာ စားကောင်းသောက်ဖွယ်အနေနဲ့ မှတ်ယူထား ကြပါတယ်။ သင်းခွေချပ်ကို သတ်ဖြတ်စားသောက်မှု တွေမလုပ်ဖို့တားမြစ်ချက်တွေ နိုင်ငံမှာရှိလာတဲ့အတွက် တိုင်းရင်းဆေးကုသနည်းစာရင်းမှာ မပါဝင်တော့ဘူးလို့ တရုတ်နိုင်ငံရဲ့ Health Times သတင်းစာက တင်ပြထားပါတယ်။ သင်းခွေချပ်တွေက တရားမဝင်ကုန်သွယ်မှု (၂၀) ရာခိုင်နှုန်းလောက်ဖြစ်စေတဲ့ ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုအများဆုံးတိရစ္ဆာန်ဖြစ်ပါတယ်။ Save Pangolins အဖွဲ့ကတော့ “တရုတ်နိုင်ငံက သင်းခွေချပ်အခွံတွေကို တိုင်းရင်းဆေးကနေ ဖယ်ထုတ်လိုက်ခြင်းက ကျွန်တော်တို့အားလုံးစောင့်ဆိုင်းနေရတဲ့ ပြောင်းလဲမှုဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့လုပ်ဆောင်မှုက စည်းမျဉ်းတွေချမှတ်သွားဖို့နဲ့ စားသုံးသူတွေကိုလည်း မစားဖို့ ပြောင်းလဲသွားအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်းမှာ သက်ရှိသတ္တဝါတွေကို တင်ပို့ရောင်းချ တာတွေ တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချွင်းချက်ကတော့ ဆေးဝါးစက်ရုံတွေနဲ့ ဆက်စပ်တဲ့ တိရစ္ဆာန်တွေကိုတော့ ထားရှိထားပါတယ်။ အရင်တုန်းက သင်းခွေချပ်တွေက သူတို့ကို တရားမဝင်ကုန်ကူးတာကနေ ကာကွယ်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သင်းခွေချပ်တွေက ကိုယ်ခံအားစနစ်အားနည်းတဲ့အတွက် ပတ်ဝန်းကျင်အသစ်နဲ့တွေ့တဲ့အခါ သူတို့ရဲ့ကျန်းမာရေးက မြန်မြန်ဆန်ဆန်ပဲ အားနည်းသွားရပါတယ်။ အဲဒီအကောင်တွေက အဆုတ်ရောင်ရောဂါ၊ ပြည်တည်နာတွေ အလွယ်တကူဝင်ရောက်လာနိုင်ချေရှိပါတယ်။ အဆိုးဆုံးကတော့ တရားမဝင်ကုန်သွယ်မှုကနေ ကယ်တင်ထားရတဲ့ သင်းခွေချပ်တွေက ကပ်ပါးကောင်တွေနဲ့ရောဂါပိုးကူးစက်နိုင်ချေများတယ်ဆိုတာပါပဲ။

အရင်က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ တိရစ္ဆာန်မျိုးစိတ်တွေလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တယ်လို့ သုတေသီတွေက သံသယရှိထားပါတယ်။ လင်းနို့တွေက COVID-19 ရောဂါရဲ့အရင်းအမြစ်ဖြစ်နိုင်တယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားသလို ကြားခံတိရစ္ဆာန်တွေက လူသားတွေဆီ ရောဂါကူးစက်စေခဲ့တာဖြစ်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။ တချို့သုတေသီတွေက သင်းခွေချပ်က အဲဒီကြားခံ တိရစ္ဆာန် ဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်။

Ref: China Removes Pangolins From Official List Of Traditional Chinese Medicine Treatments

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top