Home Alone သရုပ်ဆောင် John Heard ကွယ်လွန်

john.jpg

90’s born တွေတိုင်း Home Alone ဇာတ်ကားဆိုရင် မသိတဲ့သူ မရှိလောက်ပါဘူး။ Home alone ဇတ်ကားတွေမှာ ဇာတ်လိုက်ကောင်လေး ကယ်ဗင်ရဲ့အဖေ ပီတာမက်ကယ်လစ်စတာ (Peter McCallister) အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရုပ်ရှင်မင်းသားကြီး ဂျွန်ဟက်ထ် (John Heard) ဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့မှာ ကွယ်လွန်သွားပါတယ်။

၁၉၄၅ခုနှစ် မတ်လ ၇ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁နှစ် ( သတင်းထုတ်ပြန်ချက် အရ ၇၂ နှစ်) ​​​ရှိနေပြီဖြစ်တဲ့ မင်းသားကြီးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအယ်တိုက သူ့ရဲ့ဟိုတယ်ခန်းမှာ သေဆုံးလျက်ရှိတာကို တွေ့ရပါတယ်။ ခုထိတော့ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ စုံစမ်​း​နေဆဲဖြစ်​ပါတယ်​။

မကြာသေးခင်က ဂျွန်ဟာ အသေးစားခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ခွဲစိတ်မှူပြီး​ေ​နာက်​ ဒီဟိုတယ်မှာ လာရောက်အနားယူနေတာဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ပြည့်နှစ်တွေမှာ သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်ခဲ့ပြီး Home Alone ဇတ်ကားကိုတော့ ၁၉၉၀နှစ်ပိုင်းတွေမှာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇတ်ကားပေါင်းများစွာ series ပေါင်းများစွာ သူ့ရဲ့လူသိများတဲ့ဇတ်ကားတွေကတော့ Chilly Scenes of Winter, Heart Beat, Cutter’s Way, Cat Peopleနဲ့ C.H.U.Dတို့ပဲဖြစ်ပါတယ်။ The Sopranos Series နဲ့လည်း သူဟာ Emmy Award အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျွန်ဟာ အောင်မြင်တဲ့ ဇာတ်ရံသရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Sophia (yoyarlay)
Ref: BBC News : John Heard: Home Alone actor dies age 71

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top