“အခုမှ အစပဲရှိပါသေးတယ်” (မြန်မာ့ဂုဏ်ဆောင်သူရဲကောင်း အောင်လအန်ဆန်)

IMGL2382JPG.jpg

ထိတ်လန့်ကြောက်ရွံ့စိတ်များရှိမည်ဆိုလျှင် ရှိလောက်သည်။ အောင်လအန်ဆန်သည် ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်နိုင်စွာ ကာကွယ်နိုင်လိုက်ခြင်းသည် ပြိုင်ဘက်များအတွက် သတိပေးခေါင်းလောင်းသံပင်ဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့ညက ကျင်းပပြုလုပ်ခဲ့သည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်ကြီးတွင် လက်ဘနွန်နိုင်ငံသား Mohammad Karaki ကို အနိုင်ထိုးသတ်ခဲ့ပြီးသောအချိန်တွင် အောင်လအန်ဆန်က “အခုမှ အစပဲရှိပါသေးတယ်” ဟု ပြောကြားထားသည်။

“ကျွန်တော် ဒီထက်ပိုကောင်းအောင်ကြိုးစားမှာဖြစ်လို့ ဒီထက်ပိုကောင်းတဲ့ ပြိုင်ပွဲတွေကို မြင်ရစေမယ်လို့ အာမခံပါတယ်။”
“မြန်မာနိုင်ငံသူနိုင်ငံသား သန်း ၆၀ ရှိပါတယ်။ အားလုံးအတူတူ စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားသွားမယ်ဆိုရင် ကျွန်တော်တို့ ဘာကိုမဆို အရယူသွားနိုင်ပါတယ်။”

“မြန်မာ့စပါးအုံး” အောင်လအန်ဆန်က ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံကို ကာကွယ်ရသည့်ပွဲတွင် ရှုံးပွဲမရှိစံချိန်တင်ထားသော Karai ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်နိုင်ပွဲဖြင့် အနိုင်ရယူလိုက်နိုင်ခြင်းအားဖြင့် ၎င်း၏ သန်မာမှုကို သက်သေပြလိုက်နိုင်ခြင်းဖြစ်သည်။ ပထမအချီအစပိုင်းကတည်းကပင် အောင်လအန်ဆန်သည် ပြိုင်ဘက်အပေါ် လက်သီးချက်များဆက်တိုက်ထိုးသွင်းနေနိုင်ခဲ့ကာ ပြိုင်ဘက်၏ မြေပြင်ပေါ်လှဲချတိုက်ခိုက်ကွက်ကို ကာကွယ်ထားနိုင်ခဲ့သည်။

Karaki သည် လက်ဆမှန်ကန်သော အောင်လ၏ ပင့်လက်သီးချက်များကို ကြာရှည်ခံနိုင်ရည်မရှိဖြစ်ခဲ့သဖြင့် ဒိုင်လူကြီးက ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး မြန်မာ့ဂုဏ်ဆောင်သူရဲကောင်း အောင်လအန်ဆန်ကို အနိုင်ပေးခဲ့သည်။ အောင်လအန်ဆန်၏ အံ့မခန်းကောင်းမွန်သော စွမ်းရည်ကြောင့်ပင် GoDaddy Knockout of the Night ဆုကို ရရှိခဲ့သည်။ သူသည် ရန်ကုန်တွင် ယှဉ်ပြိုင်ထိုးသတ်သည့် နိုင်ပွဲမှတ်တမ်းကို ၇-၀ ဖြင့် မှတ်တမ်းတင်ထားပြီး ၎င်းပွဲများထဲမှ ၅ ပွဲကို ပွဲသိမ်းကွက်ဖြင့် အနိုင်ရရှိထားသည်။

အောင်လအန်ဆန်သည် ၎င်း၏ ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်များကို ၎င်း၏ တိုင်းပြည်တွင်ပင် အနိုင်ရရှိထားခြင်းဖြစ်ကာ ယခုဆိုလျှင် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာကာကွယ်ထားနိုင်ခဲ့သည်။

“It’s just the beginning”, says Myanmar hero Aung La N Sang

It’s enough to send chills down your spine. After retaining his ONE Middleweight World Championship in dominant fashion, Aung La N Sang sent an ominous warning to his rivals. “This is just the beginning,” Aung La N Sang said after disposing of Lebanon’s Mohammad Karaki in the main event of ONE: PURSUIT OF GREATNESS in Myanmar on Friday night.

“I’m going to keep getting better, and I guarantee that I’m going to put on better shows.
“Together, Myanmar, there are 60 million of us. If we unite and if we work together, we can achieve anything.”

Defending his ONE Middleweight World Title, “The Burmese Python” Aung La N Sang proved too strong for the previously unbeaten Karaki, securing victory by technical knockout in the first round. Aung La N Sang was the aggressor from the opening bell, unloading a barrage of strikes against the challenger, who tried in vain to take the bout to the ground.

Aung La N Sang’s impressive performance earned him the GoDaddy Knockout of the Night. He improved his record to 7-0 in Yangon, with five finishes. Aung La N Sang has won his ONE Middleweight and Light Heavyweight World Titles at his home arena and now he has successfully defended the middleweight crown twice in the Thuwunna Indoor Stadium.

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top