သားဖြစ်သူနဲ့ သမီးရည်းစားတွေလို့အထင်မှားခံရလောက်အောင် နုပျိုလွန်းနေတဲ့မိခင်

untitled.png

ကိုယ့်မိခင်က ငယ်ရွယ်ချောမောတဲ့အတွက် ကိုယ့်ရဲ့ကောင်မလေးအဖြစ် သူငယ်ချင်းမိတ်ဆွေတွေက အထင်မှားကြရင် စာဖတ်ပရိသတ်တွေ ဘယ်လိုခံစားရမလဲ။ ဗီယက်နမ်လူမျိုးကောင်လေးတစ်ယောက်ကတော့ သူ့မိခင်နဲ့ သူ့ကို သမီးရည်းစားတွေအဖြစ် လူမှုကွန်ယက်အကောင့်မှာ အထင်မှားခံနေရတဲ့ ဖြစ်ရပ်လေးရှိနေပါတယ်။

ဂျိုနသန် ငုရမ် (Jonathan Nguyen) ဆိုတဲ့ကောင်လေးက ဖေ့စ်ဘွတ်ခ် groupတစ်ခုဖြစ်တဲ့ Subtle Asian Traits (SAT) မှာ သူ့မိခင်နဲ့ အတူတူရိုက်ထားတဲ့ ပုံတွေကို မကြာသေးခင်ကမှ တင်ခဲ့ပါတယ်။ အဲဒီပုံတွေမှာ “အမေ့ကို သက်တူရွယ်တူတွေက မပိုးပန်းခင်ထိတော့ ငယ်ရွယ်တဲ့အာရှမိခင်တစ်ယောက်ရှိရတာ ကောင်းတာပဲ” ဆိုတဲ့စာသားလေးလည်း ရေးသားထားပါတယ်။

အဲ့ဒီဖေ့စ်ဘွတ်ခ်groupကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ (၁၆) ရက်နေ့မှာ ဖန်တီးခဲ့ပြီး အဖွဲ့အဝင် (၁.၄) သန်းရှိနေပါပြီ။ ဇူလိုင်လ (၃၀) ရက်နေ့က တင်ခဲ့တဲ့ သူ့ရဲ့ပို့စ်ကို reaction (၁၆၀၀၀) ကျော်နဲ့ ကွန်မန့် (၈၅၀၀) ကျော် ရရှိခဲ့ပါတယ်။ သူ့ရဲ့မိခင်က နုပျိုချောမောလွန်းတာကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက အခုလိုအားပေးခဲ့ကြတာပါ။ သူ့အမေနဲ့ ရိုက်ထားတဲ့ သူငယ်ငယ်ကပုံတစ်ပုံကိုလည်း တင်ခဲ့ပြီး အင်တာနက်အသုံးပြုသူတစ်ယောက်က ဂျိုနသန်ရဲ့အမေက ဘာလို့အသက်မကြီးသွားရတာလဲလို့ ကွန်မန့်ပေးခဲ့ပါသေးတယ်။ တချို့အင်တာနက်အသုံးပြုသူတွေကတော့ ဂျိုနသန်ရဲ့မိခင်ကို သူ့ရဲ့ကောင်မလေးလို့ ထင်ခဲ့ကြပါသေးတယ်။ သူ့မိခင်ရဲ့ နုပျိုတဲ့အသက်အရွယ်ကို အားကျနေကြတဲ့ လူတွေရဲ့ကွန်မန့်အများစုကို တွေ့ရပါတယ်။

ဂျိုနသန်က အင်စတာဂရမ်မှာလည်း “သူဘွဲ့ယူကတည်းက သူ့ရဲ့မိခင်က ဗိုင်းရပ်စ်ဖြစ်သွားခဲ့တယ်”ဆိုတဲ့စာသားလေးနဲ့ ဘွဲ့ယူတဲ့ပုံကို တင်ခဲ့ပါတယ်။ ကွန်မန့်တစ်ခုမှာ ဂျိုနသန်က သူတို့ရဲ့ပုံတွေကို SAT မှာတင်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမေက ဘာမှမပြောပါဘူး။ ဒါပေမဲ့ အဲ့ဒီပို့စ်တွေ ဗိုင်းရပ်စ်လို ပျံ့နှံ့သွားမယ်လို့ သူ့အမေ အမျှော်လင့်ခဲ့တဲ့အကြောင်း ပြောထားပါတယ်။

ဂျိုနသန်က လော့အိန်ဂျလိစ်က အသက် (၂၂) နှစ်အရွယ် ဗီယက်နမ်လူမျိုးဖြစ်ပါတယ်။ သူ့ရဲ့မိခင်က အသက် (၄၀) အရွယ်ဖြစ်ပြီး နုပျိုလှပခြင်းလျှို့ဝှက်ချက်က လေ့ကျင့်ခန်းလုပ်တာ၊ dietလုပ်တာ၊ အသားရေထိန်းသိမ်းတာတွေကြောင့်ဖြစ်တယ်လို့ DailyMail သတင်းအရ သိရပါတယ်။ ဂျာနယ်လစ်တွေကလည်း သူ့မိခင်ဆီကနေ အသားရေထိန်းသိမ်းနည်းအကြောင်းတွေကို သိချင်နေကြပါတယ်။

Ref: AsiaOne “Man shares photos of his gorgeous mum in her 40s, netizens think she’s his girlfriend”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top