အလုပ်အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်သွားဖို့နည်းလမ်း (၇) သွယ်

business-interview-524535308-5762d8025f9b58f22ee9a90c.jpg

အလုပ်အင်တာဗျူးသွားတော့မယ်ဆို အားလုံးပဲ စိတ်လှုပ်ရှားကြမှာအမှန်ပါပဲ။ ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ နည်းနည်းလောက်တော့ စိတ်သက်သာရာရမှာပါ။ ပြင်ဆင်ဖို့နည်းလမ်းတွေကို ရိုးရာလေးမိတ်ဆွေတို့အတွက် မျှဝေပေးချင်ပါတယ်။

၁။ ကိုယ်အင်တာဗျူးသွားမယ့်အလုပ်အကြောင်းကို သေသေချာချာသိအောင်လုပ်သွားပါ။ အလုပ်အကြောင်း နားမလည်တာတွေ မရှင်းတာတွေကိုမေးဖို့ မေးခွန်းတွေပြင်ဆင်သွားပါ။

၂။ အလုပ်မလျှောက်ခင်ကတည်းက အလုပ်ရဲ့လိုအပ်ချက်တွေနဲ့ ကိုယ့်ကျွမ်းကျင်မှုနဲ့ကိုက်ညီမှု ရှိ မရှိ အရင်စဉ်းစားပါ။
တစ်ခါတစ်ရံမှာ ကိုယ်ကျွမ်းကျင်တာနဲ့ အလုပ်ရှင်လိုချင်တဲ့လိုအပ်ချက်နဲ့ မကိုက်ညီတာမျိူးရှိတတ်ပါတယ်။ အဲလိုမျိုးဆိုရင်တော့ အစကတည်းက မလျှောက်ပါနဲ့။

၃။ Interviewer ပြန်မေးနိုင်မယ့် မေးခွန်းတွေကိုလည်းပြင်ဆင်သွားပါ။ ကိုယ်သာ Interviewer ဆိုရင်ဘာမေးနိုင်မလဲ စဉ်းစားပြီးပြင်ဆင်သွားပါ။

၄။ Interview ကိုဝတ်သွားမည့်ဝတ်စုံကို ကြိုတင်ပြင်ဆင်ထားပါ။ သွားခါနီးမှ ပြင်ဆင်တာမျိုးမလုပ်ပါနဲ့။ Interview ဖြစ်တဲ့အတွက် Formal ကျအောင်ဝတ်သွားပါ။

၅။ ယူသွားမည့် ပစ္စည်းများကိုလည်း ကြိုတင်ပြင်ဆင်သွားပါ။ Interview အတွက်ဆိုရင်တော့ CV copy တို့ Notepad နှင့် ဘောပင်တို့ ကိုယ့်အရင်က အောင်မြင်မှုစာရွက်စာတမ်းတွေကို ယူသွားသင့်ပါတယ်။

၆။ မိုဘိုင်းလ်ဖုန်းများကို Silent/Mute လုပ်သွားပါ။

၇။မေးခွန်းတွေပြန်မေးပါ။ Interviewer မေးခွန်းတွေအကုန်မေးပြီးပြီဆိုရင်တော့ သင့်ကိုမေးစရာ ရှိ မရှိ မေးပါလိမ့်မယ်။ အဲဒီအချိန်မှသာ ပြင်ဆင်ထားတဲ့မေးခွန်းတွေကိုမေးပါ။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင်က အင်တာဗျူးအတွက် အဆင်ပြေမှာသေချာနေပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top