တရုတ် ကိုရိုနာဗိုင်းရပ်စ် နှင့် စီးပွားရေး အကျိုးဆက်

yyl-001-19.jpg

ကမ္ဘာ့ လုပ်ငန်းအစုရှယ်ယာများသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကျဆင်းလာခဲ့ရခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု၏ အကျိုးဆက်ဖြစ်သည့် ခိုလုံရန် စာနှပ်ရိက္ခာ နှင့် အခြားကုန်ပစ္စည်း ဝယ်လိုအား ဆောင့်တက်သွားခြင်း၊ ရှယ်ယာများ ထုတ်ယူကာ ငွေကြေးများ လက်ဝယ်ထားခြင်း တို့ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်လာပုံကို စတင်စိုးရိမ်လာကြရသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ချိန်မှ စ၍ သေဆုံးသူဦးရေ ၁၀၆ဦးရှိလာခဲ့ပြီး ယခုဆိုလျှင် ပြင်သစ်၊ ဂျပန်၊ အမေရိကန် အပါအဝင် စုစုပေါင်း နိုင်ငံဆယ်နိုင်ငံသို့ ရောဂါပိုးပျံ့နှံ့နေပြီဖြစ်သည်။ အချို့သော ကျန်းမာရေး ပညာရှင်များမှလည်း ယင်းကပ်ရောဂါဆိုးကို တရုတ်ကျန်းမာရေး ပညာရှင်များအနေဖြင့် ကိုင်တွယ်နိုင်မည်လား ဟူသည့်မေးခွန်းများလည်း ရှိလာခဲ့ပြီ။

ကမ္ဘာ့ လုပ်ငန်းအစုရှယ်ယာစာရင်းဖြစ်သည့် MSCI All-Country World Index လုပ်ငန်းရှင် အစုရှယ်ယာ စာရင်းတွင် စုစုပေါင်း နိုင်ငံ ၄၇နိုင်ငံ ပါဝင်ပြီး ၁၃ရက် ဇန်နဝါရီလမှစ၍ ရှယ်ယာစုစုပေါင်း ဝ.၄၂% လျော့ကျသွားခဲ့သည်။ ဥရောပ အစုရှယ်ယာစာရင်း pan-European STOXX 600 index စာရင်းတွင် ၁၄ရက် ဇန်နဝါရီလမှစ၍ ၁.၄% အထိ လျော့ကျသွားခဲ့သည်။ ဥရောပရှိ တရုတ်ပြည်နှင့် ဖက်ဆက်အကျိုးတူ လုပ်ငန်းလုပ်ဆောင်သည့် သတ္ထုတွင်း ကုမ္ပဏီများ၏ ရှယ်ယာများသည် ၃.၁% အထိ လျော့ကျသွားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ် က စီးပွားရေး နှင့် ငွေရေးကြေးရေးကို ရိုက်ခတ်စေခဲ့တယ်။ အဲ့ဒီ ရိုက်ခတ်စေမှုရဲ့ ပမာဏက ဆက်လက်တိုင်းတာ စောင့်ကြည့်နေရုံပဲရှိသေးတယ်။” ဟု Bannockburn Securities ၏ chief market strategist, Marc Chandler မှဆိုသည်။ အာရှ ရှယ်ယာဈေးကွက် များဖြစ်သည့် ဂျပန် Nikkei သည် ၂.ဝ% လျော့ကျသွားသည်။ ယင်းသည် ငါးလအတွင်း ရှယ်ယာဈေးကွက် အကြီးမားဆုံး ကျဆင်းခဲ့ခြင်းဖြစ်သည်။ ChinaAMC CSI 300 index ETF သည် ၂.၂% လျော့ကျသွားသည်။ များစွာသော ရှယ်ယာဈေးကွက်သည်လည်း တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များကြောင့် ပိတ်ထားရသည်။

US S&P 500 mini စာရင်းချုပ်သည်လည်း အာရှကုန်သွယ်မှု ၁.၃% ကျဆင်းသွားခြင်းကြောင့် ဝ.၉% လျော့ကျသွားသည်။ ကိုရိုနာဗိုင်းရပ်စ်၏ ပျံ့နှံ့မှုနှုန်းသည် ပို၍ မြန်ဆန်လာကာ ကူးစက်မှုသည်လည်း ပို၍ များပြားလာသည်ဟု တရုတ်နိုင်ငံ ကျန်းမာရေး ကောင်စီအဖွဲ့မှ တနဂ်နွေနေ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းမှ လူဦးရေ စုစုပေါင်း ၄,၅၁၅ ကျော် ကူးဆက်ခံနေရပြီး ၁၀၆ဦး သေဆုံးခဲ့ရသည်။

တရုတ်အစိုးရသည် နှစ်သစ်ကူး ရုံးပိတ်ရက်ကို ရောဂါပျံ့ပွားမှု ထိန်းသိမ်းကာကွယ်ရန် သုံးရက်ထပ်တိုး ပိတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီလ ၂ရက်နေ့မှသာ ရုံးများ ကျောင်းများ ပြန်လည်ဖွင့်မည်ဖြစ်သည်။ ဟောင်ကောင် အစိုးရ အဖွဲ့မှ ပြီးခဲ့သော ၁၄ရက်အတွင်း ဝူဟန် သို့ သွားရောက်ခဲ့သူများအား မြို့တော်အတွင်း ဝင်ခွင့်ပိတ်မည်ဟု ထုတ်ပြန်ထားသည်။

“အာရှ ရှယ်ယာဈေးကွက် အများစု ပိတ်တာကြောင့် ရင်းနှီးမြှပ်နှံသူများသည် Treasuries ရှယ်ယာ အမျိုးအစားများကို အရှုံးခံ၍ ဝယ်လာကြပြီး Nikkei ရှယ်ယာ အမျိုးအစားများကို ရောင်းချနေကြတယ်။ ဒီတပတ်လဲ ရှယ်ယာဈေးကွက်က ဆက်ကျနေဦးမှာပဲ။ နောက်တစ်ပတ်ထဲ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ထိန်းနိုင်ပြီး တရုတ်ဈေးကွက် ပြန်ပြီး ကုန်သွယ်မှု ကောင်းလာမှ ရှယ်ယာတွေ ပြန်ကောင်းလာမယ်”ဟု Alliance Bernstein မှ portfolio manager, Masahiko Loo မှဆိုသည်။ ငွေကြေးဈေးကွက်တွင်လည်း ဂျပန် ယန်းငွေ ဈေးနှုန်းသည် ဝ.၅% ဈေးတက်သွားပြီး တစ်ဒေါ်လာလျှင် ၁၀၈.၉၄ ယန်း ပေါက်ဈေး ဖြစ်လာသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ဆီဈေးကွက် နှင့် အခြားလူသုံးကုန်ဈေးနှုန်းများတွင်လည်း ဖိအားများသက်ရောက်လာခဲ့သည်။

မေ (ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top