ကိုယ်တိုင်တပ်ဆင်ဆောက်လုပ်လို့ရတဲ့ အက်စကီးမိုးသံခမောက်ပုံစံငယ်အိမ်ကို Amazon ကရောင်းချ

65732594_429373041246558_4496961124054335488_n.jpg

ပုံမှန်အားဖြင့် အပန်းဖြေခရီးထွက်ကြတယ်ဆို စစ်ပုခတ်တွေနဲ့ ရိုးရိုးရွက်ဖျင်တဲ၊ မိုးကာတဲနဲ့ တဲရှင်လေးတွေကိုသာ သယ်ပြီးခရီးထွက်ကြတာများပါတယ်။ အခု Amazon ကနေရောင်းချတဲ့ အက်စကီးမိုးတို့ရဲ့ရိုးရာအိမ်ပုံစံ သံခမောက်ပုံစံအိမ်ငယ်လေးတွေကတော့ သင့်ကိုခံစားမှု အသစ်အဆန်းတွေပေးစွမ်းနိုင်ပါတယ်။

ဒီသံခမောက်ပုံစံတဲလေးတွေကိုတော့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့သာ ပြုလုပ်ထားတာဖြစ်ပါတယ်။ တဲအတွင်းပိုင်းကို ဖောက်ထွင်းမြင်နိုင်တဲ့အတွက် ညအချိန်မှာ ကြယ်ကြည့်လို့ရသလို နေ့ခင်းဘက်တွေမှာလည်း နေရောင်ခြည်ရဲ့အရသာကို အပြည့်အဝခံစားနိုင်ပါတယ်။

စည်းကမ်းရှိရှိသုံးစွဲမယ်ဆို အနည်းဆုံး (၂) နှစ်ခံပြီး အအေးဒဏ် (- ၄) ဒီဂရီ ဖာရင်ဟိုက်အထိခံနိုင်ရည်ရှိသလို အပူချိန် (၁၄၀) ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းပြုလုပ်ထားတဲ့ တဲအိမ်တွေလည်း ဖြစ်ပါတယ်။

ရေမစို၊ ရေဒဏ်၊ လေဒဏ်ခံနိုင်ပြီး အောက်ခြေဧရိယာ (၁၀၇) ပေစတုရန်းပတ်လည်ရှိပြီး (၇) ပေနဲ့ (၂) လက်မ အမြင့်ရှိတာမို့ လူ (၆) ယောက် (၇) ယောက်လောက် အေးဆေးဆံ့ပါတယ်။

တဲအိမ်တွေကိုတော့ ဂျာမနီမှာပြုလုပ်တာဖြစ်ပြီး US မှာ စတင်ရောင်းချတာဖြစ်ပါတယ်။ သဘောကျလို့ဝယ်ယူချင်တယ်ဆိုရင်တော့ (၁,၁၉၉) ဒေါ်လာ၊ မြန်မာငွေ (၁၉) သိန်းပတ်ဝန်းကျင်နဲ့ ဝယ်ယူလို့ရပါတယ်။

နေ့ခင်းဘက်တွေပူလို့၊ နေထိုးတာမကြိုက်လို့ တဲအိမ်ကိုလုံလုံခြုံခြုံလေးပဲ ကာထားချင်တယ်ဆိုရင်တော့ အကာတွေကို Amazon မှာ သီးသန့်ထပ်ဝယ်လို့ရပါတယ်။

Ref:Boredpanda “Amazon Is Now Selling An Igloo You Can Build In Your Backyard”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top