ရုပ်ရှင်ကြည့်ပရိသတ်တွေ စောင့်မျှော်နေတဲ့ “Mulan” ရုပ်ရှင်ကားရဲ့ ပထမဆုံး နမူနာထွက်ရှိလာ

E3A51FA9-C4C4-4A04-89F0-C16C85B004A1-990x556.jpeg

ဒစ်စနေး (Disney) က တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ကာတွန်းကားကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ Mulan ဇာတ်ကားရဲ့ ပထမဆုံးနာမူနာကို ထွက်ရှိပေးခဲ့ပါတယ်။ Mulan ရုပ်ရှင်ကားက ပုံရိပ်တွေကိုလည်း ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထွက်ရှိပေးခဲ့ဖူးပါတယ်။ Mulan ကာတွန်းကားကတော့ ထွက်ရှိခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ကြာခဲ့ပါပြီ။

စက္ကန့် (၉၀) သာရှိတဲ့ နမူနာလေးက ဇာတ်အိမ်ကို သေချာမသိရသေးခင်မှာ ဆွဲဆောင်မှုရှိလှတဲ့ရိုက်ချက်တွေနဲ့ စတင်ပြထားပါတယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ်အတွင်းမှာ မူလန် (Mulan) ကို ဖခင်ရဲ့စကားကိုနာခံတတ်တဲ့သမီးတစ်ယောက်ကနေ စိတ်ဓာတ်ပြင်းထန်တဲ့စစ်သမီးအဖြစ် အပြောင်းအလဲကိုလည်း မြင်တွေ့ရမှာပါ။ Mulan ရုပ်ရှင်ကားရဲ့နမူနာကို ကြည့်လိုက်တာနဲ့ ရုပ်ရှင်ကားအစအဆုံးကြည့်ရဖို့အတွက် စိတ်လှုပ်ရှားမိနေမှာပါ။ ဒါပေမဲ့ ၁၉၉၈ခုနှစ်က မူရင်းဇာတ်ကားရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုဟာ နမူနာမှာ မပါတာကိုလည်း တွေ့ရပါတယ်။

နယူးဇီလန်နိုင်ငံက နီကီ ကာရို (Niki Caro) ရိုက်ကူးထားတဲ့ “Mulan” ရုပ်ရှင်ကားမှာ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်မင်းသမီးချောလေး လုရီဖေး (Liu Yifei) က ပါဝင်ထားပါတယ်။ ကျေးလက်တောရွာလေးကို The Huns လူတွေ ခြိမ်းခြောက်လာတဲ့အခါမှာ မူလန်က သူ့ဖခင်ကို ဆန့်ကျင်ပြီး စစ်သမီးအဖြစ် အယောင်ဆောင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

တရုတ်မင်းသမီး လုရီဖေးအပြင် ဒွန်နီယန်း (Donnie Yen)၊ ဂျေဆန်စကော့ လီ (Jason Scott Lee) နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကားကို ၂၀၂၀ ခုနှစ် မတ်လ မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

နမူနာဗီဒီယို ကြည့်ရှုရန် – https://youtu.be/01ON04GCwKs

Ref: Tribune “First trailer of the ‘Mulan’ remake is out and it’s flashy and fierce”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top