စွဲငြိဖွယ်ပုံရိပ်များကိုပေးစွမ်းနိုင်ရန်ဖန်တီးထားသော HONOR 20 Lite စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Khin-Wint-Wah.jpg

စမတ်ဖုန်းအမှတ်တံဆိပ် HONOR မှ ကျောဘက်ကင်မရာ 24MP နှင့် ကင်မရာသုံးလုံးပါဝင်ပြီး ဆယ်လ်ဖီ ရိုက်ကူးခြင်းအတွက် အကောင်းမွန်ဆုံးဖြစ်စေမည့် 32MP ရှိ selfie master ကင်မရာအပါအဝင် ချောမွေ့ ပြောင်လက်သည့်အသွင်ပုံစံနှင့် ၎င်း၏ နောက်ဆုံးထွက်စမတ်ဖုန်းအသစ် HONOR 20 Lite ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။

HONOR 20 Lite ၏ကျောဘက်မျက်နှာပြင်တွင် လှုပ်ရှားလိုက်တိုင်းတောက်ပလာမည့် dynamic prism-shaped အရောင်ပြေးအသွင်သဏ္ဍာန်ပုံစံပါရှိပြီး လူငယ်များကို ကိုယ်စားပြုသည့် HONOR အမှတ်တံဆိပ်၏ ဒီဇိုင်းစည်းမျဉ်းများနှင့်အညီ ဖန်တီးထုတ်လုပ်ထားခြင်းလည်းဖြစ်သည်။ HONOR 20 Lite အား 6.21 လက်မ dewdrop display၊ 1080 x 2340 pixels resolution ၊ 19:5:9 ratio ဖြင့် ထုတ်လုပ်ထားသည်။ စမတ်ဖုန်းကို Octa-core Kirin 710 processor ဖြင့် အဓိကအသုံးပြုလုပ်ဆောင်မည့် Mali G51 MP4 GPU နှင့်ချိတ်ဆက်ထားကာ 4GB RAM နှင့် internal storage 128GB အထိ ပါဝင်သည်။ ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မည့် Dual SIM (Nano) ဒီဇိုင်းဖြင့်ထွက်ရှိထားပြီး Android 9.0 (Pie) ပေါ်တွင် အခြေတည်ထားသော EMUI 9.0 ဖြင့် ထောက်ပံ့ပေးထားသည်။

HONOR 20 series များအတွင်းမှ “Lite” အမှတ်တံဆိပ်ဖြင့်ထွက်ရှိလာသည့် အဆိုပါစမတ်ဖုန်းမှာ ပေးရသည့်ဈေးနှုန်းထက်များစွာတန်သည့် ကင်မရာပိုင်းဆိုင်ရာ အားသာချက်များ ပါဝင်နေကာ အရှေ့ဘက်ဆယ်လ်ဖီကင်မရာကို 32MP high-resolution AI အသုံးပြုပေးထားကာ “Selfie Master” ဟု တင်စားခေါ်ဝေါ်နိုင်သည်အထိ အလှဆုံးပုံရိပ်များကို ဖမ်းယူ ထားပေးနိုင်မည်ဖြစ်သည်။ ကျောဘက်တွင်ပါရှိသည့် ကင်မရာ (၃) လုံးမှာလည်း မတူညီသည့်စွမ်းဆောင်ရည်များပါဝင်နေသည်။ အဓိကအနေဖြင့် 24 MP lens အသုံးပြုထားပြီး 2 MP lens မှာ အလင်းအားမကောင်းသည့်ညအချိန်များ၌ပင် မြင်ကွင်းများကို အသေးစိတ်ဖမ်းယူရိုက်ကူးနိုင်မည့် “Super Night” mode နှင့် (၁၂၀) ဒီဂရီ မြင်ကွင်းကျယ်ဓာတ်ပုံများကို 8MP lens များမှတစ်ဆင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

ကင်မရာနည်းပညာပိုင်းအားသာချက်များသာမက ဘက်ထရီစွမ်းဆောင်ရည်မှာလည်း 3,400mAh ဖြစ်ပြီး တစ်ရက်တာအတွင်း အားပြန်သွင်းရန်လိုအပ်မည်မဟုတ်ပါ။ ဂိမ်းကစားသူများအတွက် မိုဘိုင်းလ်ဂိမ်းများ ကစားရာတွင် အထစ်အငေါ့မရှိစေသည့် GPU Turbo 2.0 ကိုထည့်သွင်းပေးထားကာ 4G စနစ်ကို အထောက်အပံ့ပေးသည့် SIM slot နှစ်ခု၊ Wi-Fi 802.11 a/b/g/n/ac စနစ်နှင့် 4.2 super Bluetooth စနစ်ကို ထည့်သွင်းအသုံးပြုပေးထားသည်။ ဖုန်း၏ မှတ်ဉာဏ်ကို 512 GB အထိ ထပ်မံတိုးမြှင့်နိုင်ပြီး မျက်လုံးထိခိုက်စေနိုင်သည့် အပြာရောင်အလင်းများဒဏ်မှကာကွယ်ပေးနိုင်သော TüV Rheinland certified လည်းပါဝင်သည်။ ကောင်းမွန်သည့်စနစ်များစွာပါဝင်နေသည့် HONOR 20 Lite စမတ်ဖုန်းကို မြန်မာငွေ သုံးသိန်းခွဲကျပ်ထက် မပိုသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည်ဟုသိရသည်။

JOOX နှင့်အတူသယ်ဆောင်လာမည့် ရင်ခုန်အံ့အားသင့်ဖွယ်ရာအစီအစဉ်များ

HONOR အနေဖြင့် တေးဂီတကိုချစ်မြတ်နိုးသည့်လူငယ်မျိုးဆက်သစ်များအတွက် ပျော်ရွှင်ဖွယ်ရာကောင်းပြီး ခေတ်ရေစီးအလိုက်ခံစားမှုအတွေ့အကြုံများပေးစွမ်းရန် အာရှဈေးကွက်အတွင်း လူကြိုက်များရေပန်းအစားဆုံး JOOX တေးဂီတအက်ပလီကေးရှင်းနှင့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် ပူးပေါင်းဆောင်ရွက်မှုများအပြီး ယခုထပ်မံ၍ HONOR နှင့် JOOX တို့ ဆက်လက်လက်တွဲပူးပေါင်းကာ “Top Fan Campaign” များပြုလုပ်ပေးလျက်ရှိသည့်အပြင် စိတ်ဝင်စားဖွယ်ဆုလက်ဆောင်များပေးအပ်ခြင်းကို ယခု ၂၀၁၉ ခုနှစ် မေလကတည်းက စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ယခု HONOR နှင့် JOOX အကြား တရားဝင်ပူးပေါင်း ဆောင်ရွက်ခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးပြီးချိန်တွင် နိုင်ငံတစ်ဝန်း တေးဂီတ ပွဲတော်များစွာဖန်တီးတင်ဆက်သွားမည်ဖြစ်ပြီး ဂီတကိုခုံမင်သူများအနေဖြင့် ၎င်းတို့ချစ်ခင် အားပေးသည့်အဆိုတော်များနှင့် တွေ့ဆုံခွင့်ရမည့်အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

HONOR 20 Lite အား Phantom Blue နှင့် Phantom Red အရောင် (၂) မျိုးဖြင့် သြဂုတ်လ (၈) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံဈေးကွက်အတွင်း ဝယ်ယူနိုင်မည်ဟုသိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top