ဘော်ဘီချာလ်တန်၏စံချိန်ကို ရွန်နီ အမီလိုက်နိုင်ခဲ့

yyl-soccer-sep-group.jpg

ဆမ်မာရီနိုနှင့် ကစားခဲ့သည့်ပွဲတွင် ပင်နယ်တီမှတစ်ဆင့် အင်္ဂလန်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ရွန်နီသည် အင်္ဂလန်အသင်း သမိုင်းတွင် ဂိုးအများဆုံး သွင်းယူပေးခဲ့သည့် ဘော်ဘီချာလ်တန် ၏ (၄၉) ဂိုး စံချိန်ကို အမှီလိုက်နိုင်ခဲ့သည်။ ရွန်နီသည် အင်္ဂလန် ကစားသမားဘဝတစ်လျှောက် ဆမ်မာရီနိုဘက်သို့ (၅) ဂိုး သွင်းယူနိုင်ခဲ့ပြီး အခြားပြိုင်ဘက်အသင်းများထက် ဆမ်မာရီနိုနှင့် တွေ့သည့်ပွဲစဉ်များတွင် ဂိုးပိုသွင်းနိုင်ခဲ့သည်ဟု Opta မှတ်တမ်းများက ဖော်ပြသည်။ အင်္ဂလန်မှာ ယူရို -၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ် (၇) ပွဲ ကစားခဲ့ရာတွင် ရာနှုန်းပြည့် အနိုင်ရထားပြီး ဒုတိယနေရာမှ ဆွစ်ဇာလန်ကို (၆) မှတ် ဖြတ်ထားနိုင်သည်။

ယူရို-၂၀၁၆ ခြေစစ်ပွဲရလဒ်များ –

လူဇင်ဘတ် ၁-၀ မက်ဆီဒိုးနီးယား

ယူကရိန်း ၃-၁ ဘီလာရုစ်

အက်စ်တိုးနီးယား ၁-၀ လစ်သူယေးနီးယား

ဆမ်မာရီနို ၀-၆ အင်္ဂလန်

ရုရှား ၁-၀ ဆွီဒင်

စပိန် ၂-၀ ဆလိုဗက်ကီးယား

ဆွစ်ဇာလန် ၃-၂ စလိုဗေးနီးယား

ဩစတြီးယား ၁-၀ မော်လ်ဒိုဗာ

မွန်တီနီဂရိုး ၂-၀ လစ်ခ်ျစတိန်း

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top