အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ စားသင့်၊ မစားသင့်တဲ့ အစားအစာတွေ

woman-with-lateral-abdominal-pain-isolated-on-PD2RBHX.jpg

ကြည်လင်တဲ့အသားအရေ၊ ကောင်းမွန်တဲ့ဆံသား၊ ပိုကောင်းတဲ့မှတ်ဥာဏ်နဲ့ ပိုလို့ကောင်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ကျွန်မတို့ စားသုံးနေကြပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာကို ကျွန်မတို့ သိပြီးသားပါ။

အခြားတစ်ဘက်မှာတော့ အမျိုးသမီးတွေအနေနဲ့ မိမိတို့ လစဉ် ဓမ္မတာလာတဲ့အချိန်မှာ လုံးဝရှောင်ကြဉ်သင့်တဲ့ အစားအစာတွေ ရှိပါတယ်။ ဆာလောင်မှုကို ဖြေဖျောက်နိုင်ဖို့ စိတ်အလိုအတိုင်း ဆိုဒါအအေးနဲ့ ဆီကြော်တွေ တဝကြီးစားလိုက်တာဟာ အထူးသဖြင့် ဓမ္မတာလာချိန်အတွင်း သင့်ရဲ့ ခန္ဓာကိုယ်အတွင်းရော၊ အပြင်ရောအတွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ဆီကြော်မုန့်

အဆီဓာတ်နဲ့ အက်စ်ထရိုဂျင် (Estrogen) ဟော်မုန်းကို မြင့်တက်စေနိုင်တဲ့ ဆီကြော်မုန့်တွေကို ရှောင်ကြဉ်စားသုံးတာက သင့်ကို ဓမ္မတာလာစဉ်အတွင်း နာကျင်ကိုက်ခဲမှု နည်းစေပါတယ်။ နောက်ထပ် အသီးအရွက်ဆီ သုံးထားတဲ့ အစားအသောက်တွေကိုတောင် တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

ဂျုံမုန့်များ

တဖန် ပြန်လည်ဆန်းသစ် ပြုလုပ်ထားတဲ့ အစားအစာတွေဟာ ဂျုံမှာပါဝင်တဲ့ မူလ အာဟာရဓာတ်တွေကို လျော့နည်းစေပါတယ်။ ဒီအရာဟာ သင့်ရဲ့ ဓမ္မတာလာချိန်အတွင်း သွေးတွင်း သကြားဓာတ်အပြင် ပုံမှန် အစားစားချင်စိတ် ထိန်းချုပ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ သဘာဝ အစေ့အဆံရဲ့ အာဟာရဓာတ်တွေ အပြည့်ပါဝင်တဲ့ ပေါင်မုန့်၊ ပါစတာ၊ ထမင်း၊ ကောက်ပဲသီးနှံ၊ ကိတ်မုန့်နဲ့ ကွတ်ကီးတွေကိုသာ ရွေးချယ် စားသုံးစေလိုပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတ် တစ်ခုခု ရောထားတဲ့ ဖျော်ရည်များ

ဆိုဒါလိုမျိုး သကြား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတ် တစ်ခုခုရောထားတဲ့ ဖျော်ရည်တွေကို ဓမ္မတာလာစဉ် သောက်သုံးမိတဲ့အခါ ခန္ဓာကိုယ် ဖောယောင်တာကို ဖြစ်စေတတ်ပါတယ်။ စပါကလင်လို ဂတ်စ်ပါဝင်မှုရှိတဲ့ အရည်မျိုးကို ရှောင်ကျဉ်ပြီး ရေသန့်ကိုသာ ရွေးချယ် သောက်သုံးပေးခြင်းဖြင့် ဖောယောင်ခြင်းနဲ့ ခန္ဓာကိုယ် ဖောင်းကားခြင်းတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

လိမ္မော်သီး

ကယ်ဆီယမ်ဓာတ်ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျော့နည်းစေနိုင်ပါတယ်။ ကယ်ဆီယမ်ဓာတ် ပမာဏ ကြွယ်ဝလေလေ ကြွက်သား အနားရလေဖြစ်ပြီး ကြွက်တက်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ကိုက်ခဲခြင်းတွေကို လျော့ကျစေနိုင်ပါတယ်။ လိမ္မော်သီး၊ ရှောက်သီး၊ သံပရိုသီး၊ သံပရာသီးနဲ့ အခြား အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ရှာဖွေ စားသုံးပေးနိုင်ပါတယ်။

ငှက်ပျောသီး

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးဟာ သင့်ရဲ့စိတ်ခံစားချက်ကို မြှင့်တင်ဖို့ အကောင်းဆုံးသော အသီးတစ်မျိုး ဖြစ်ပါတယ်။ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ပါဝင်တဲ့အတွက်လည်း ဖောယောင်ခြင်းနဲ့ ခန္ဓာကိုယ် ဖောင်းကားခြင်းတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အစာချေစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပြီး ဓမ္မတာလာစဉ် အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ အစား အလွန်အကျွံ စားချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

ဖရဲသီး

ဖရဲသီးဟာ ဓမ္မတာလာစဉ် အားအင်ကုန်ခမ်းတတ်ပြီး မောပန်း နွမ်းနယ်တတ်တဲ့ အမျိုးသမီးတို့အတွက် အကောင်းဆုံး ဆေးဘက်ဝင် အသီးတစ်မျိုး ဖြစ်ပါတယ်။ နောက်ထပ် သဘာဝ သကြားဓာတ်ပါဝင်တဲ့ ဖရဲသီး၊ ဆီးသီး၊ သဖန်းသီးနဲ့ ဘာလီသီးတွေဟာလည်း ဖောယောင်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

အနက်ရောင်ချောကလက်

မက်ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်နေတဲ့ အနက်ရောင် ချောကလက်ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ဓာတ် တက်ကြွစေနိုင်တဲ့ စရာတိုးနင်း (Serotonin) ဟော်မုန်းကို တိုးမြှင့်ပေးနိုင်တဲ့အတွက် ဓမ္မတာလာစဉ် စားသုံးပေးဖို့ အထူးသင့်လျော်ပါတယ်။

Ref : Pinterest “Foods to eat (and avoid) on your period”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top