အလုပ်လုပ်နိုင်စွမ်းအားကို တိုးမြှင့်စေမယ့် ၂ မိနစ်စာ စိတ်ကျန်းမာရေး လေ့ကျင့်ခန်း

unnamed.png

ယနေ့ခေတ်မှာ တချို့လူတွေက အလုပ်များလွန်းတာတွေကြောင့် အနားယူဖို့ အချိန်မရှိသလောက်ပါပဲ။ အချိန်ဇယားတွေနဲ့ပြည့်နေတာ၊ အလုပ်မျိုးစုံလုပ်ရတာတွေက စိတ်ဖိစီးမှုကိုဖြစ်စေပြီး သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းအားကို ထိခိုက်စေပါတယ်။ အနားယူတာနဲ့ အလုပ်လုပ်တာက ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။ အဲနှစ်ခုဟန်ချက်မညီဘူးဆိုရင် စိတ်ဖိစီးမှုများလာပြီး အလုပ်လုပ်နိုင်စွမ်းအားတွေ လျော့ကျလာမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးပြီး အလုပ်လုပ်နိုင်စွမ်းအားမကျဖို့ အချိန်ခဏပေးပြီး အနားယူဖို့ သင့်အတွက် အရမ်းအရေးကြီးပါတယ်။

နေ့စဉ်စိတ်ဖိစီးမှုကို ထိန်းဖို့နဲ့ အလုပ်လုပ်နိုင်စွမ်းအားတိုးဖို့ စိတ်ပိုင်းဆိုင်ရာကုထုံးပညာရှင်နဲ့ အကြံပေး ဆာလာ တိုလာ (Sarla Totla) က အချိန်မရွေးနေရာမရွေးပြုလုပ်နိုင်တဲ့ နှစ်မိနစ်စာစိတ်ကျန်းမာရေးလေ့ကျင့်ခန်းကို မျှဝေထားပါတယ်။ ဘယ်သူမဆို ပြုလုပ်နိုင်တဲ့ ရိုးရှင်းလွယ်တဲ့အသက်ရှုလေ့ကျင့်ခန်းတစ်ခုပါ။ အလုပ်ခွင်မှာ ၂ မိနစ် အချိန်ပေးပြီး ပြုလုပ်ပေးရုံနဲ့ သင့်စိတ်ကို ပြန်လည်အားဖြည့်ပေးဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။

လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ဆောင်ရမလဲ

အသက်ပြင်းပြင်းရှူပြီး အသက်ခဏအောင့်ထားပြီးရင် ရှုထုတ်လိုက်ပါ။ ဒါကို (၁၀) ကြိမ်ပြုလုပ်ပေးပါ။ ၁၀ မိနစ်ထက်ပိုပြီး အချိန်မပေးသင့်ပါဘူး။
အလုပ်လုပ်နိုင်စွမ်းတိုးစေမယ့် နောက်ထပ်ရိုးရှင်းတဲ့ အကြံပြုချက်မျာ

  • တစ်ခါတည်းနဲ့ အလုပ်မျိုးစုံမလုပ်ပါနဲ့
  • လုပ်ရမယ့်အလုပ်စာရင်းကို ညကတည်းက ပြင်ဆင်ထားပါ။ (ဒါမှမဟုတ်) အလုပ်မလုပ်ခင် မနက်ခင်းမှာ ပြင်ဆင်ပါ။
  • လုပ်ရမယ့်အလုပ်စာရင်းက အလုပ်တွေ ပြီးမြောက်သွားတဲ့အခါ စာရင်းကို ပယ်ဖျက်လိုက်ပါ။
  • စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပါ
  • အကောင်းမြင်စိတ်ရှိပါစေ။ အိပ်ရေးဝဝအိပ်စက်ပါ။

Ref: The 2-minute mental health workout to increase your productivity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top