ခန္ဓာကိုယ်မှာ ဒီလက္ခဏာရပ်တွေဖြစ်လာရင် လျစ်လျူ ရှုမထားသင့်ပါ

yyl-016-7.jpg

ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဘာလက္ခဏာမှမပြသရွေ့တော့ ကျွန်တော်တို့ ကျန်းမာရေးကောင်းတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ခြေထောက် ပန်းရောင်သမ်းတာတွေက ရိုးရိုးသာမန်လို့ ထင်နေကြပေမဲ့ တကယ်တော့ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ လက္ခဏာရပ်တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ခန္ဓာကိုယ်က ပြောဖို့ကြိုးစားနေတဲ့ အရာတွေကို နားလည်ဖို့ အရေးကြီးလာပါပြီ။ သာမန်ပါပဲလို့ထင်နေရတဲ့ တချို့လက္ခဏာရပ်တွေက ဆိုးရွားတဲ့ကိစ္စတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုလက္ခဏာရပ်တွေက ဘာကို ရည်ညွန်းနေလဲဆိုတာကို သိရှိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

မျက်ခုံးမွှေးပါးလာခြင်း

သင့်မျက်ခုံးမွှေးက နဂိုထက်ပါးလာတာကို သတိပြုမိမယ်ဆိုရင် ချက်ချင်းပဲ ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။ သိုင်းရွိုက်အကျိတ်ကို ရည်ညွန်းတာ ဖြစ်နိုင်တဲ့ အတွက် အချိန်မီကုသရပါမယ်။ ဒါပေမဲ့ အသက်အရွယ်ကြောင့် မျက်ခုံးမွှေးပါးလာတာလား။ ဆံပင်ကျွတ်တာလားဆိုတာကိုတော့ သတိပြုမိသင့်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်သူတွေနဲ့တိုင်ပင်ကြည့်ပါလို့ အကြံပေးပါရစေ။

အရေပြားယားယံခြင်း

အရေပြားယားယံခြင်းက ဆီးချိုရောဂါရဲ့ လက္ခဏာရပ်တစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါလို့ဆုံးဖြတ်ချက်မချခင် အင်းဆက်ကိုက်တာလား၊ ဓာတ်မတည့်မှု ဖြစ်တာလားဆိုတာကို သိနိုင်ဖို့အတွက် ယားယံတဲ့အဖုအပိန်တွေကို စစ်ဆေးရပါမယ်။ သည်းမခံနိုင်လောက်အောင်ယားနေတယ်ဆိုရင်တော့ ဆရာဝန်နှင့်ပြကြည့်ပါ။

ကိုယ်အလေးချိန်ပြောင်းလဲသွားခြင်း

ရုတ်တရက် ကိုယ်အလေးချိန်ကျသွားတာ(ဒါမှဟုတ်) တတ်လာတာမျိုးဖြစ်တယ်ဆိုရင် လျစ်လျူရှုမထားသင့်ပါဘူး။ ကျန်းမာရေးတတ်ကျွမ်းသူတွေရဲ့ ပြောစရာအရ ကိုယ်အလေးချိန်အလွန်အမင်းမတည်မငြိမ်ဖြစ်ခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာရပ်တွေကို ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။ ဆရာဝန်ဆီသွားပြီး ကိုယ်အလေးချိန်အတတ်အကျနဲ့ပတ်သက်တဲ့အဓိကအကြောင်းအရင်းကို သိအောင်လုပ်ရပါမယ်။

ခြေထောက်ပန်းရောင်သမ်းခြင်း

အရေပြားပါးတဲ့အခါမျိုးမှာ ခြေထောက်ပန်းရောင်သမ်းတာကို ကြုံတွေ့နိုင်ပါတယ်။ ဒီလိုဖြစ်တာက နောက်ထပ်အကြောင်းအရင်းလည်းရှိပါတယ်။ ဒီလက္ခဏာရပ်က ဆီးချိုရောဂါဖြစ်နိုင်တဲ့ဇီဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့သွေးထဲကသကြားဓာတ်တွေကို စစ်ဆေးဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ကြည့်ရပါမယ်။

ခြေချောင်းတွေရောင်ရမ်းလာခြင်း

ခြေချောင်းတွေ ရောင်ရမ်းခြင်းက အဆစ်မြစ်ရောင်ရမ်းခြင်းလက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ သင့်ခြေထောက်ယားယံတာမရှိဘဲ ရောင်ရမ်းနေမယ်ဆိုရင် ဆရာဝန်နှင့်ပြကြည့်သင့်ပါတယ်။

အလွန်အကျွံစိတ်လေခြင်း

လိုတာထက်ပိုပြီး စိတ်ခံစားလွယ်တာ၊ စိတ်ဆိုးတာ၊ ပျော်ရွှင်တာတွေဖြစ်မယ်ဆိုရင် ဒါက စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ်မူတည်နေတဲ့လက္ခဏာရပ် ဖြစ်ပါတယ်။ တတ်ကျွမ်းသူတွေရဲ့ပြောစကားအရ သင့်စိတ်ခံစားချက်က အကြောင်းအရင်းမရှိဘဲ ပျော်လိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေမယ်ဆိုရင် စိတ်ဓာတ်ကျခြင်းကို ညွှန်ပြနေတာဖြစ်နိုင်ပါတယ်။ တကယ်အကြောင်းအရင်းကို သိနိုင်ဖို့အတွက် ဆရာဝန်နှင့်တိုင်ပင်ကြည့်ရမှာဖြစ်ပါတယ်။

Ref: TOI
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top