မာဆွတ်အဇာကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်ကို တရုတ်နိုင်ငံ ပိတ်ပင်

in2-1.jpg

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား တင်းမာမှု ဖြစ်ပေါ်စေခဲ့တဲ့ တိုက်ခိုက်မှုနောက်ကွယ်က လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ပိတ်ပင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးရ်ဒေသမှာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က Jaish-e-Mohammed (JeM)အဖွဲ့ရဲ့ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်ရဲ (၄၀) သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံတွေက Jaish-e-Mohammed (JeM)အဖွဲ့ခေါင်းဆောင် မာဆွတ်အဇာကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး ပိုင်ဆိုင်မှုသိမ်းဆည်းတာ၊ ခရီးသွားခွင့်ပိတ်ပင်တာ၊ လက်နက်ဝယ်ယူခွင့်ပိတ်ပင်တာမျိုးလုပ်ဖို့ အဆိုပြုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအဆိုပြုချက်ကို ခွဲခြမ်းစိတ်ဖြာဖို့ အချိန်ယူရမယ့်အတွက် အချိန်ဆိုင်းငံ့ပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ မာဆွတ်အဇာကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်ကို လေးကြိမ်မြောက် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အချိန်ဆိုင်းငံ့မှုကတော့ (၉) လလောက် ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံအခြေစိုက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် မာဆွတ်အဇာဟာ ၁၉၉၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံကနေ ပြန်လွတ်လာပြီးနောက် Jaish-e-Mohammed (JeM)အဖွဲ့ကို တည်ထောင်ခဲ့တာပါ။ ၁၉၉၉ ခုနှစ်က အိန္ဒိယလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် IC 814 လေယာဉ် ပြန်ပေးဆွဲခံရပြီး တာလီဘန်တွေ ကြီးစိုးနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ပြန်လွတ်လာစေဖို့အတွက် အိန္ဒိယနိုင်ငံက အကျဉ်းသား (၃) ယောက်ကို ပြန်လွှတ်ပေးခဲ့ရပြီး ပြန်လွှတ်ပေးခဲ့သူတွေထဲမှာ မာဆွတ်အဇာလည်း ပါဝင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top