ကျောင်းကန်တင်းရဲ့ မီးဖိုချောင်ထဲမှာ ပုပ်နေတဲ့အသားတွေ တွေ့ရှိ

in1-1-e1552626139716.jpg

တရုတ်နိုင်ငံရဲ့ နာမည်ကျော် ကိုယ်ပိုင်အထက်တန်းကျောင်း စားသောက်ဆိုင်မီးဖိုချောင်အတွင်း မှိုတက်နေတဲ့ အစားအစာတွေနဲ့ ပုပ်နေတဲ့ အသားတွေ တွေ့ရှိခဲ့လို့ ကျောင်းသားမိဘတွေ ဒေါသထွက်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က စီချွမ်ပြည်နယ် ချန်ဒူးမြို့မှာရှိတဲ့ အမှတ် (၇) လေ့ကျင့်ရေးအထက်တန်းကျောင်းမှာ သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ကျောင်းသားမိဘတချို့ တက်ရောက်ခဲ့ပါတယ်။

ကျောင်းသားမိဘတွေက စားသောက်ဆိုင်မီးဖိုချောင်အတွင်း ဝင်ကြည့်ချိန်မှာ မှိုတက်နေတဲ့ ပေါင်မုန့်တွေ၊ ပုပ်သိုးနေတဲ့ အသားနဲ့ ပင်လယ်စာတွေ တွေ့ခဲ့ပါတယ်။ ”ဒီပစ္စည်းတွေက ရေခဲပုံးထဲမှာ နှစ်နဲ့ချီ ရှိနေတဲ့ပုံမျိုးပါ။ ဖုတ်ကောင်တွေရဲ့ အသားတွေလိုပဲ။ ဝက်သားတွေကို နမ်းကြည့်တော့လည်း အပုပ်နံ့က ဟောင်နေပါတယ်။ ချင်း(ဂျင်း)တွေကလည်း မသတီစရာပါ”လို့ ကျောင်းသားဖခင်တစ်ယောက်က ပြောပါတယ်။ ချန်ဒူး အမှတ် (၇) လေ့ကျင့်ရေးကျောင်းမှာ တစ်နှစ်စာအတွက် ယွမ် ၃၉၀၀၀ (အမေရိကန်ဒေါ်လာ ၅၈၀၀)ကုန်ကျပါတယ်။အဲဒီပမာဏဟာ အစိုးရကျောင်းတွေရဲ့ ကျောင်းအပ်ခထက် အဆ (၂၀) ပိုများပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top