နယူးယော့ခ်မြို့မှာ နာမည်ကျော်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

in3-1.jpg

နာမည်ကျော် ဂမ်ဘီနိုဂိုဏ်းခေါင်းဆောင် ဖရန့်ကာလီဟာ နေအိမ်အပြင်ဘက်မှာ အသတ်ခံခဲ့ရတယ်လို့ နယူးယော့ခ်မြို့ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် (၅၃) နှစ်အရွယ်ရှိတဲ့ ဖရန့်ကာလီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက တော့ဒ်ဟေးခရိုင်မှာ သေနတ်နဲ့ အနည်းဆုံး (၆) ချက် ပစ်ခတ်ခံရပြီး ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေနတ်သမားကိုတော့ ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ သေနတ်သမားက အပြာရောင်ကားကိုမောင်းပြီး ထွက်ပြေးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဂမ်ဘီနိုဂိုဏ်းဟာ နယူးယော့ခ်မြို့အခြေစိုက် အီတလီ-အမေရိကန် မာဖီးယားမိသားစုဝင် ဂိုဏ်း (၅) ဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း နယူးယော့ခ်မြို့မှာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းက ဂျွန်ဂေ့ါတီရဲ့အမိန့်အရ ဂမ်ဘီနိုဂိုဏ်းခေါင်းဆောင် ကက်စတယ်လာနိုကို စားသောက်ဆိုင်အပြင်ဘက်မှာ သတ်ဖြတ်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ ဂျွန်ဂေါ့တီက ဂမ်ဘီနိုဂိုဏ်းခေါင်းဆောင်နေရာကို ရယူခဲ့ပါတယ်။

အခုဖြစ်ရပ်မှာတော့ ပစ်ခတ်မှုလုပ်ခဲ့တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဂမ်ဘီနိုဂိုဏ်းဟာ တစ်ချိန်တုန်းက အမေရိကန်နိုင်ငံရဲ့ အင်အားအကြီးဆုံး ဒုစရိုက်ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဂျွန်ဂေါ့တီနဲ့ တခြားဂိုဏ်းဝင်တွေကို ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ လှုပ်ရှားမှုလျော့နည်းသွားခဲ့ပါတယ်။ ဖရန့်ကာလီဟာ ၂၀၁၅ ခုနှစ်မှာ ဆီဖာလူရဲ့လက်ထဲကနေ ဂမ်ဘီနိုဂိုဏ်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းဆက်ခံခဲ့တယ်လို့ ဆိုကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top