ဟာဗေးမုန်တိုင်းသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာတစ်သန်းလှူဒါန်းတဲ့ လီယိုနာဒို

medium_2017-08-31-4cb2c83614.jpg

မုန်တိုင်းအဆင့် ၄ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပြင်းထန်တဲ့ဟာဗေးမုန်တိုင်းဟာ အမေရိကန်နိုင်ငံ တက်ဆက်စ် (Texas) ပြည်နယ်မှာ ဩဂုတ်လ ၂၆ က စတင်ပြီး လေးရက်တာ တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

တက်ဆက်စ်ပြည်နယ်အတွင်းမှာရှိတဲ့ ဟူစတန်မြို့(Houston) ကတော့ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့ မြို့ပဲဖြစ်ပါတယ်။ မုန်တိုင်းဟာ အခုအချိန်မှာအားလျော့သွားပြီဆိုပေမဲ့ နောက်ဆက်တွဲအနေနဲ့ မုန်တိုင်းသင့်ဒေသတွေမှာဆိုရင်တော့ ပြင်းထန်တဲ့ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆက်မပြတ် လုပ်ဆောင်နေကြရတာပဲဖြစ်ပါတယ်။

အဆိုပါ မုန်တိုင်းသင့်ဒေသတွေအတွက် နာမည်ကြီးဟောလိဝုဒ်သရုပ်ဆောင်မင်းသား လီယိုနာဒို ဒီကာပရီယိုက သူ့ဖောင်ဒေးရှင်းကနေတဆင့် အမေရိကန်ဒေါ်လာတစ်သန်းကို လှူဒါန်းခဲ့ပါတယ်။ ဟာဗေးမုန်တိုင်းသင့်ပြည်သူတွေအတွက်လှူဒါန်းတာဖြစ်ပြီး United Way က ဖွဲ့စည်းထားတဲ့ ဟာဗေး မုန်တိုင်း (Hurricane Harvey) ဒဏ်ခံရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ပေးမယ့် အဖွဲ့အစည်းတစ်ခုကို လှူဒါန်းလိုက်တာပဲဖြစ်ပါတယ်။ လီယိုနဲ့ သူရဲ့ ဖောင်ဒေးရှင်းဟာ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီသာမက အခြားငလျင်နဲ့ မုန်တိုင်းတိုက်ခက်မှုတွေနဲ့ ပတ်သက်တဲ့ ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း လှူဒါန်းခဲ့ပါသေးတယ်။

လီယိုနာဒိုလိုပဲ ဟာဗေးမုန်တိုင်းသင့်ဒေသတွေအတွက် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး စန်ဒရာဘူးလော့ကလည်း အမေရိကန်ဒေါ်လာတစ်သန်းကို အမေရိကန်ကြက်ခြေနီအဖွဲ့အစည်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Ref: Daily Mail “Leonardo DiCaprio donates $1million to Hurricane Harvey relief efforts via his charitable foundation”
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top