မီးခိုးကျပ်ကင်ထားတဲ့ဆယ်မွန်ငါးအသားလွှာစားပြီးနောက် လူနှစ်ဦးသေဆုံး

67522133_2499758823388356_4677929850244169728_n.jpg

သြစတြေးလျနိုင်ငံမှာ မီးခိုးကျပ်ကင်ထားတဲ့ဆယ်မွန်ငါးအသားလွှာစားပြီး ဘက်တီးရီးယားပိုးကူးစက်ခဲ့လို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ Listeriosis လို့ အမည်ပေးထားတဲ့ ဘက်တီးရီးယားပိုးကူးစက်မှုမှာ အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်၊ နယူးဆောက်ဝေးလ်ပြည်နယ်နဲ့ ကွင်းစ်လန်းပြည်နယ်တွေမှာ ဘက်တီးရီးယားပိုးကူးစက်မှုတွေဖြစ်ပွားခဲ့တာပါ။

သြစတြေးလျနိုင်ငံမှာ ဆယ်မွန်ငါးအများဆုံးထွက်တဲ့ တက်စ်မန်နီယာပြည်နယ်ကနေ ဘက်တီးရီးယားပိုး ကူးစက်မှုစတင်ခဲ့တာလို့ ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။ အဲဒီအတွက် အန္တရာယ်ဖြစ်နိုင်ခြေ အများဆုံးကြုံရနိုင်သူတွေကို အစားအသောက်ရှောင်ကြဉ်ကြဖို့ သြစတြေးလျနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ သေဆုံးခဲ့သူ (၂) ယောက်ဟာ အသက် (၇၀) ကျော်အရွယ်ရှိပြီး သူတို့ရဲ့ ကျန်းမာရေးကလည်း သတိထားနေရတဲ့အနေအထားဖြစ်တယ်လို့ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top