ဈေးဝယ်စင်တာရဲ့ လှေကားခွင်မှာ ၆ လကြာ နေထိုင်ခဲ့တဲ့ လူငယ်

7.11.23-yyl-8.jpg

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဈေးဝယ်စင်တာတစ်ခုမှာ ၆ လကျော် နေထိုင်ခဲ့တဲ့ လူငယ်တစ်ဦးကို လုံခြုံရေးတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဈေးဝယ်စင်တာတွေဟာ လူရှုပ်ထွေးတာကြောင့် စောင့်ကြည့်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ ၆ လကျော် နေထိုင်နိုင်တယ်ဆိုတာကတော့ အံ့အားသင့်စရာပါပဲ။

အဲဒီလူငယ်ဟာ လှေကားခွင်အောက်မှာ ခြင်ထောင်၊ စားပွဲ၊ ထိုင်ခုံကို နေရာချပြီး နေထိုင်ခဲ့တာပါ။ သူဟာ လက်ပ်တော့နဲ့ ဖုန်းကို ဈေးဝယ်စင်တာရဲ့ လျှပ်စစ်ပလပ်ပေါက်တွေမှာ အားသွင်းပါတယ်။ လုံခြုံရေးတစ်ယောက်က သူ့ကို သတိထားမိသွားချိန်မှာ ဈေးဝယ်စင်တာထဲကနေ မောင်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလူငယ်ဟာ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခု ရှာဖွေရေး လှေကားခွင်အောက်မှာ နေထိုင်ရတာပါလို့ ဆိုခဲ့ပြီးနောက် လုံခြုံရေးက သူ့ကို ဆက်နေခွင့် စာမေးပွဲပြီးတဲ့အထိ ဆက်နေခွင့် ပေးခဲ့တာပါ။ အဲဒီနောက်မှာ အခြား လုံခြုံရေးတစ်ယောက်က သူ့ကို ထပ်တွေ့သွားပြီး ဒီအကြောင်း ပျံ့နှံ့သွားခဲ့တာပါ။

သူ့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တရုတ်လူမှုကွန်ရက်မှာ ဈေးဝယ်စင်တာ ထောင်ထားတဲ့ ကုမ္ပဏီအတွက် ထိခိုက်နစ်နာစေတယ်၊ တစ်ယောက်ယောက်ကို ရန်ပြုနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တချို့ကလည်း အိမ်ငှားခ သက်သာတယ်၊ ဒီလောက်အချိန်အကြာကြီးအထိ ဘယ်သူမှ မတွေ့အောင် နေနိုင်တာ ချီးကျူးစရာပဲဆိုတဲ့ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

Ref: Man Lives Unnoticed Under Shopping Mall Staircase for Half a Year

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top