အမေရိကန်ထုတ်ကုန်တွေဝယ်ယူအသုံးပြုခွင့်ကို ပြန်ရရှိသွားတဲ့ Huawei

gettyimages-1091190380-e1558469983644.jpg

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei အတွက်တော့ အသက်ရှုချောင်သွားစေခဲ့ပါပြီ။ အကြောင်းကတော့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ နိုင်ငံ (၂၀) ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို Huawei ထံ အရင်လိုပြန်လည်ရောင်းချနိုင်ကြောင်း ပြောကြားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို Huawei ထံ အရင်လိုပြန်လည်ရောင်းချနိုင်

ပြီးခဲ့တဲ့လအတွင်းကတော့ အမေရိကန်ဘက်က Huawei ကို အမည်ပျက်စာရင်းသွင်းခဲ့တဲ့အပြင် အမေရိကန်ရဲ့ထုတ်ကုန်မှန်သမျှ သူတို့ထံမရောင်းချဖို့အတွက် အမေရိကန် ကုမ္ပဏီတွေကို တားမြစ်ထားခဲ့တာပါ။ ဒါပေမဲ့ အခု ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ရပ်တန့်လိုက်ဖို့အတွက် နှစ်နိုင်ငံလုံးက သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ရပ်တန့်လိုက်ဖို့အတွက် နှစ်နိုင်ငံလုံးက သဘောတူညီခဲ့

သမ္မတနှစ်ဦးဟာ သူတို့ရဲ့ဆွေးနွေးမှုမှာ Huawei ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒေါ်နယ်ထရမ့်က ဒီပိတ်ပင်ထားမှုကိုလည်း ဖြေလျော့ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတော့ အမေရိကန်ဘက်က Huawei ကို အမည်ပျက်စာရင်းသွင်းခဲ့တဲ့အပြင် အမေရိကန်ရဲ့ထုတ်ကုန်မှန်သမျှ သူတို့ထံမရောင်းချဖို့အတွက် အမေရိကန် ကုမ္ပဏီတွေကို တားမြစ်ထားခဲ့

Huawei ကုမ္ပဏီဟာ လုံခြုံရေးပိုင်းကိုခြိမ်းခြောက်နေတယ်လို့ အမေရိကန်နိုင်ငံကမှတ်ချက်ပေးခဲ့ပြီး သူတို့ကုမ္ပဏီကို 5G ကွန်ရက်မှာပါဝင်ခွင့်မပေးကြဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရက Huawei ကုမ္ပဏီရဲ့ ထုတ်ကုန်ပစ္စည်းတွေကိုအသုံးချပြီး Huawei ရဲ့ 5G ကွန်ရက်အသုံးပြုတဲ့နိုင်ငံတွေအပေါ် ထောက်လှမ်းမှုလုပ်နိုင်တယ်လို့လည်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို Huawei ကုမ္ပဏီက အတိအလင်း ငြင်းဆန်ခဲ့ပါတယ်။

Ref: Bloomberg “Trump Says He’ll Allow China’s Huawei to Buy From U.S. Suppliers”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top