မနာလိုသူများက သူ့ရည်းစားရဲ့ ရုပ်ရည်ကို ဝေဖန်နေလို့ မထင်မှတ်တဲ့နည်းနဲ့ ပြန်ချေပလိုက်တဲ့ ဗီယက်နမ် မော်ဒယ်

indonesiancouple4-e1551242322145.jpg

ဗီယက်နမ်မှ မော်ဒယ်တစ်ယောက်ဟာ သူ့ချစ်သူကောင်လေးနဲ့ ဓာတ်ပုံတင်တဲ့အခါမှာ ကောင်လေးရုပ်က ဆိုးနေလို့ ထုံးစံအတိုင်း ပိုက်ဆံရှိလို့ကြိုက်တာလား၊ ငွေမက်လို့ နေမှာပါ ဆိုတဲ့ စကားတွေနဲ့ ဝေဖန်ခံခဲ့ရပါတယ်။

ဗီယက်နမ် မော်ဒယ်ကောင်မလေးရဲ့ နာမည်ကတော့ လင်းမိုင်ငုယင် (Linh My Nguyen) လို့ခေါ်ပြီး သူမမှာလည်း ဝန်းရံသူတွေ အများအပြားရှိနေပါတယ်။ ဒါပေမဲ့ သိပ်မကြာသေးခင်ဟာ လင်းမိုင်ငုယင်ဟာ သူ့ချစ်သူကောင်လေးနဲ့ စုံတွဲဓာတ်ပုံတွေကို အများသို့ အသိပေးခဲ့တဲ့အခါမှာတော့ မကျေနပ်သံများ ကျွတ်စီကျွတ်စီ ထွက်ပေါ်လာခဲ့ပါတယ်။

အဓိကကတော့ သူမရဲ့ ချစ်သူကောင်လေးရဲ့ ရုပ်ရည်ကို ဝေဖန်ခဲ့ကြတာပါ။ တော်တော်များများကတော့ သူ့ချစ်သူကောင်လေးရဲ့ရုပ်ရည်ကို ဝေဖန်တိုက်ခိုက်ထားတဲ့ မှတ်ချက်တွေကြောင့် သူမ ဒီဓာတ်ပုံတွေကို ဖျက်ပစ်မှာ ပဲလို့ထင်ကြပါတယ်။

ဒါပေမဲ့ သူမဟာ သူမချစ်သူနဲ့ အပြင်သွားတဲ့အခါတိုင်း စုံတွဲပုံတွေ ပိုတင်ခဲ့ပြီး ဝေဖန်သူတွေကို သူမဟာ သူမရဲ့ လက်တွဲဖော်ကို သူမဆုံးဖြတ်ချက်နဲ့ သူရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊ သူတစ်ပါးရဲ့ အားနည်းချက်ကို မတိုက်ခိုက်သင့်ကြောင်း ပညာသားပါပါနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အချစ်ဆိုတဲ့အရာမှာ ခန္ဓာကိုယ်အလေးချိန်နဲ့ ရုပ်ရည်ဆိုတာတွေက အဓိကမကျကြောင်းလဲ ဝေဖန်နေသူတွေကို ပြောဆိုခဲ့ပါသေးတယ်။

Ref : News : Haters Criticised Her Boyfriend’s Appearance

Slash (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top