တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို ဖမ်းဝရမ်း ထုတ်

ex-president-south-korea-arrested-23383-e1551581355841.jpg

တောင်ကိုရီးယား တရားရုံတစ်ရုံးဟာ တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို အကျင့်ပျက် လာဘ်စားမှုနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။ ဆိုလ်းမြို့ တရားရုံးတစ်ရုံးက မတ်လ ၂၁ ရက်နေ့ ဖမ်းဝရမ်းထုတ်ဖို့ ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရရှေ့နေတွေဟာ လီမြောင်ဘတ်ကို စွဲချက်မတင်ခင် ရက်ပေါင်း ၂၀ ကြာ ဖမ်းဆီး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အစိုးရရှေ့နေတွေက သူဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေဆီကနေ အမေရိကန်ဒေါ်လာ ၁၀ သန်းလာဘ်ငွေ ရယူခဲ့တယ်လို့ စွပ်စွဲထားပြီး အမေရိကန်ဒေါ်လာ ၃၃ သန်းရှိ ရန်ပုံငွေ တစ်ခုကိုလည်း တရားမဝင်တည်ထောင်ခဲ့ကာ ကိုယ်ပိုင်ကုမ္ပဏီ တစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

လီမြောင်ဘတ် ဟာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတနေရာကို ဆက်ခံသူ ပတ်ဂွန်ဟေးဟာလည်း အကျင့်ပျက်လာဘ်စားမှု အရှုပ်ထွေးတွေကြောင့် ပြီးခဲ့တဲ့နှစ်က သမ္မတရောထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။ တောင်ကိုရီးယားသမ္မတ အားလုံးနီးပါးဟာ သမ္မတသက်တမ်း မကုန်ဆုံးခင်နဲ့ သမ္မတရာထူးက ထွက်ခွာခဲ့ပြီးနောက် အကျင့်ပျက် လာဘ်စားမှု အရှုပ်အထွေး ဒါမှမဟုတ် အခြား ပြသာနာတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top