Android ဖုန်းတွေမှာ လက်ရှိဖြစ်နေတဲ့ အားကုန်မြန်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

phbattery-saving-fea01.jpg

ဒါက လတ်တလောမှာ Android ဖုန်းသုံးစွဲသူတွေ ကြုံနေကြရတဲ့ပြဿနာတစ်ခုပါ။ ဘာကြောင့်မှန်းမသိပေမဲ့ ဖုန်းအားကုန်တာ ပိုမြန်လာတယ်လို့တော့ သတိထားမိလာကြတာဖြစ်ပါတယ်။ အခုတော့ တရားခံကိုသိရပါပြီ။ Android ဖုန်းသုံးသူတွေအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Google Play Services ကို Update လုပ်ခဲ့မိလားဆိုတာ အရင်ဆုံးပြန်စဉ်းစားကြည့်စေချင်ပါတယ်။

ဟုတ်ပါတယ်… ဖုန်းရဲ့ အဓိကလုပ်ဆောင်ချက်အတော်များများကို ထိန်းချုပ်ဆောင်ရွက်နေတဲ့ Google Play Services App နောက်ဆုံး Version (18.3.82) ဟာ ဖုန်းထဲက App အများစုထက်ပိုပြီး ဖုန်းဘက်ထရီအားကိုသုံးပစ်နေတာကြောင့်ပါပဲ။

Android ဖုန်းသုံးတဲ့သူတိုင်း ဒီလိုဖြစ်ကြတာလား ဒါမှမဟုတ် တချို့တွေမှာပဲဖြစ်တာလား လို့ မသေချာပေမဲ့ ဘယ်လိုဖြစ်ဖြစ် ဖုန်း Setting ထဲက Apps’ Battery Usage ကို ပြန်စစ်ကြည့်လိုက်တာက မမှားနိုင်ပါဘူး။

အဓိကသတိထားရမှာက ရှိနေတဲ့ Google Play Services ကို Update မလုပ်လိုက်ဖို့ဖြစ်ပြီး ချွတ်ယွင်းနေတာကိုပြင်ဆင်ပြီးတဲ့ Version ထပ်ထွက်မှ စိတ်ချလက်ချသုံးလို့ရနိုင်မှာပါ။ တကယ်လို့ အဆင့်မြှင့်ထားပြီးဖြစ်နေပြီဆိုရင်လည်း စိတ်ပူစရာမရှိပါဘူး။ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်း (၂) မျိုးရှိပါတယ်။

ပထမတစ်နည်းက အပြီးသတ် Update မထွက်မီထုတ်ပေးတဲ့ Beta Version ကိုပဲ သုံးတဲ့နည်းပါ။ Beta Version သုံးမယ်ဆိုရင် အပြီးသတ် Update မှာပါလာနိုင်တဲ့ချွတ်ယွင်းချက်တွေ၊ ပုံမှန်မဟုတ်တဲ့လုပ်ဆောင်ချက်တွေကိုသိရမှာဖြစ်ပါတယ်။

ဒုတိယဖြေရှင်းနည်းကတော့ နောက်ဆုံးထွက် Version ရဲ့ရှေ့က Version ကို ပြန်သုံးတဲ့နည်းပါ။ ဒီနည်းက Update ကြောင့်ဖြစ်တဲ့ပြဿနာကိုပြေလည်စေနိုင်ပေမဲ့ Google Play Services Version နဲ့ App တချို့ မကိုက်ညီတာမျိုးတွေကို ကြုံရစေနိုင်ပါတယ်။ ဒါကြောင့် ပထမနည်းဖြစ်တဲ့ Beta Version ကို ယာယီပြောင်းသုံးတာကိုပဲ အကြံပြုပါရစေ။

Apps update တွေကြောင့်ဖြစ်လာနိုင်တဲ့ပြဿနာတွေကို လုံးဝမကြုံချင်ရင်တော့

ဖုန်းရဲ့ Settings > Apps & Notifications > Google Play Services> Data Usage ကိုသွားပြီး Background Data ကို Disable လုပ်ထားလိုက်တာက အကောင်းဆုံးပါပဲ။

ဒါပေမဲ့ Update မလုပ်ဘဲသုံးလို့မရနိုင်တဲ့ App တွေရှိနေတာကြောင့် Background Data ပိတ်တာကလည်း အမြဲတမ်းအဆင်မပြေတာကို ထည့်တွက်ထားဖို့တော့လိုပါလိမ့်မယ်။

Ref: lifehacker.com “How to fix the latest Android bug that’s draining the battery”
TH (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top