လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် တစ်လစာထောက်ပံ့ငွေ ၁၅၂ သိန်းကျော်ကို စက်တင်ဘာ ၇ ရက်က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ၁၄၁၃ ဦးအတွက် ဆန်ဘိုးတစ်လစာထောက်ပံ့ငွေ ၁၂၇.၁၇ သိန်းအပြင် မေတ္တာရှင်အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းကိုလည်း ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
KST (ရိုးရာလေး)
ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲရှောင်ပြည်သူတွေအတွက် ငွေကျပ် ၁၅၂ သိန်းကျော် ထောက်ပံ့ပေးအပ် ခဲ့တဲ့သတင်း
