ထူးခြားဆန်းပြားအချက်အလက်များ

yyl-015.jpg

ဒီနေ့တော့ စာဖတ်သူတွေအနေနဲ့ သတင်းတွေ၊ ဆောင်းပါးတွေနဲ့ မတူတဲ့ရသတစ်မျိုးကို ပြောင်းလဲခံစားနိုင်ဖို့ရည်ရွယ်ပြီး လူသိနည်းပါး၊ ထူးခြားတဲ့အချက်အလက်များစွာထဲက စိတ်ဝင်စားဖွယ်အချက်တချို့ကို ရှာဖွေစုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။ သက်ဆိုင်ရာအချက်အလက်တွေကို ပုံတွေမှာ တွဲဖက်ဖော်ပြပေးထားတာဖြစ်လို့ တစ်ပုံချင်းစီမှာ လေ့လာဖတ်ရှုကြည့်လိုက်ပါဦး…။
၁။ အဆိပ်အပြင်းဆုံးအပင်
ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးအပင်က ဩစတေးလျမှာတွေ့ရတဲ့ Gimpy Gimpy ဆိုတဲ့အပင်ဖြစ်ပါတယ်။ အဲဒီအပင်ကို ထိမိရုံလေးထိခဲ့ရင် အက်စစ်ပူလောင်တာနဲ့ ဓာတ်လိုက်ခံတာရောယှက်နေတဲ့ ခံစားချက်မျိုးခံစားရနိုင်ပြီး ဘယ်သက်ရှိမဆို ကိုယ့်ဘာသာသတ်သေချင်စိတ်ပေါ်လာစေတယ်လို့ဆိုပါတယ်။


၂။ အနက်ရောင်နှင်းဆီ
နှင်းဆီအနက်ရောင်ဆိုတာ အလွန်ရှားပါးထူးဆန်းတဲ့အသွင်ရှိပန်းတစ်မျိုးဖြစ်ပြီး တူရကီနိုင်ငံက ဟဲလ်ဖက်တီကျေးရွာမှာပဲ သဘာဝအတိုင်း ပွင့်တဲ့ပန်းမျိုးဖြစ်ပါတယ်။


၃။ မှောက်လျက်အိပ်စက်တတ်သူတွေ မက်တတ်တဲ့အိပ်မက်
အိပ်စက်တဲ့အခါ လက်တွေကိုခေါင်းအထက်နားမှာထားရင်း မှောက်လျက်အနေအထားနဲ့အိပ်စက်တတ်သူတွေဟာ အခြားပုံစံနဲ့ အိပ်စက်တတ်သူတွေထက် လိင်ပိုင်းဆိုင်ရာအိပ်မက်တွေမက်နိုင်ချေပိုများပါတယ်။


၄။ Hudson Bay
ကနေဒါနိုင်ငံမှာ Hudson Bay လို့ ခေါ်တဲ့ ကမ္ဘာပေါ်က ဘယ်နေထက်မဆို မြေဆွဲအားပိုနည်းပါးရာနေရာတစ်ခုရှိနေပါတယ်။


၅။ အရယ်အပြုံးနည်းကြသူများ
ကလေးငယ်လေးတွေဟာ တစ်ရက်ကို အကြိမ် ၂၀၀ လောက်ပြုံးတတ်ကြပါတယ်။ အမျိုးသမီးတွေက တစ်ရက်မှာ ၆၂ ကြိမ်ပြုံးလေ့ရှိပြီး အမျိုးသားတွေကတော့ ၈ ကြိမ်လောက်ပဲ ပြုံးတတ်ကြပါတယ်။


၆။ Terminator မျဉ်း
ကမ္ဘာရဲ့ နေ့ဘက်ခြမ်းနဲ့ ညဘက်ခြမ်းတွေကို ပိုင်းခြားရာမျဉ်းကို Terminator လို့ခေါ်ပါတယ်။


၇။ ခြင်ကင်းစင်တဲ့တိုင်းပြည်
အိုက်စလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခြင်လုံးဝမရှိတဲ့ တစ်ခုတည်းသောတိုင်းပြည်ဖြစ်ပါတယ်။


၈။ လေယာဉ်မောင်တွေလုံးဝမခန့်တဲ့ Go Air လေကြောင်းလိုင်း
အိန္ဒိယနိုင်ငံက Go Air လေကြောင်းလိုင်းမှာ လေယာဉ်မောင်တွေလုံးဝမခန့်ထားဘဲ လေယာဉ်မယ်တွေပဲခန့်ထားပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေက ကိုယ်အလေးချိန်ပိုပေါ့ပါးတဲ့အတွက် တစ်နှစ်ကို လောင်စာဆီစရိတ် ဒေါ်လာ ၅၀၀၀၀၀ လောက်ပိုသက်သာစေတာကြောင့်ဖြစ်ပါတယ်။


၉။ သံတစ်ချက်မှ မနှက်ဘဲဆောက်ထားတဲ့သစ်သားဘုရားကျောင်း
ရုရှားနိုင်ငံ Kizhi ကျွန်းမှာရှိတဲ့ သစ်သားဘုရားကျောင်းက သံတစ်ချောင်းမှမသုံးဘဲတည်ဆောက်ထားတဲ့ အဆောက်အဦတစ်ခုပါ။ သက်တမ်းကတော့ နှစ်ပေါင်း ၃၀၀ ရှိပြီဖြစ်ပါတယ်။


၁၀။ မွေးရာပါမျက်နှာအပိုကသတ်လို့သေခဲ့ရသူ
Edward Mordrake ဆိုတဲ့အမျိုးသားက အရယ်နဲ့ အငို နှစ်မျိုးသာပြုမူနိုင်တဲ့ မျက်နှာအပိုတစ်ခုပါရှိပြီး မွေးဖွားလာခဲ့သူပါ။ အဲဒီမျက်နှာအပိုကို ညဘက်တွေမှာ သူ့ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာတွေကို တီးတိုးပြောတာကို မခံစားနိုင်တော့တာကြောင့် ခွဲစိတ်ဖယ်ရှားပေးဖို့ ဆရာဝန်တွေထံ တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီနောက်တော့ အသက် (၂၃) နှစ်အရွယ်မှာပဲ သူ့ဘာသာအဆုံးစီရင်သွားခဲ့ပါတယ်။

Ref: Did You Know Blog

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top