ရိန်းရဲ့ဇနီး ကင်ထယ်ဟီး သမီးမိန်းကလေး မွေးဖွား

22728777_1648074141890166_8052756117955952752_n.jpg

ဇနီးသည် ကင်ထယ်ဟီး သမီးမိန်းကလေး မွေးဖွားခဲ့တယ်လို့ တောင်ကိုရီးယား K-pop ကြယ်ပွင့် ရိန်းက အင်စတာဂရမ်ပေါ်မှာ ကြေညာသွားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက လက်ထပ်ခဲ့တဲ့
ဂျောင်ဂျီဟွန်း(ရိန်း)နဲ့ ကင်ထယ်ဟီးတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ မေလမှာ ကိုယ်ဝန် ၁၅ ပတ်ရှိနေပြီလို့ ကြေညာခဲ့တာပါ။

”ချောမောလှပတဲ့ မင်းသမီးလေး မွေးပေးလို့ ကျေးဇူးပါပဲ မိန်းမရေ။ ကိုယ်တို့သမီးလေးကို ကမ္ဘာကြီးအတွက် ပံ့ပိုးပေးနိုင်တဲ့သူဖြစ်အောင် ပြုစုပျိုးထောင်သွားပါ့မယ်”လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က အင်စတာဂရမ်ပေါ်မှာ ရိန်းက ရေးသားထားပြီး ကလေးခြေအိတ်ဓာတ်ပုံ တင်ခဲ့ပါတယ်။

ရိန်းရဲ့ အေဂျင်စီကတော့ ကင်ထယ်ဟီးတို့ သားအမိနှစ်ဦးလုံး ကျန်းကျန်းမာမာပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်နေ့မှာ မွေးဖွားခဲ့လဲ ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Ref : Kim Tae-hee and Rain welcome the birth of their first child

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply