သံမဏိထက် ငါးဆခိုင်ခံ့တဲ့ ဂျယ်တစ်မျိုးကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

material_harder.jpg

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ သံမဏိထက် ငါးဆ ပိုမိုခိုင်ခံ့တဲ့ ဂျယ်တစ်မျိုး တီထွင်ခဲ့ကြပါတယ်။ အမျှင်အားဖြည့်ဟိုက်ဒရိုဂျယ်လို့ အမည်ပေးထားတဲ့ အဲဒီဂျယ်ကို ရေဓာတ် ၉၀ ရာခိုင်နှုန်း စုပ်ယူပေးနိုင်တဲ့ hydrophilic polymer တွေနဲ့ ဖန်တီးထားတာဖြစ်ပြီးဖန်သားမျှင်တွေနဲ့ အားဖြည့်ထားတာဖြစ်ပါတယ်။

ပတ်တီးစလို ပုံစံရှိတဲ့ အမျှင်အားဖြည့် ဟိုက်ဒရိုဂျယ်ဟာ ဂျယ်လိုပျော့ပျောင်းပေမယ့် ကာဗွန်စတီးထက် ခိုင်ခံ့တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ အမျှင်အားဖြည့် ဟိုက်ဒရိုဂျယ် ဖန်တီးနိုင်ဖို့ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး ကြိုးစားခဲ့ရတာပါ။

မာကျောတဲ့ ကွန်ကရစ်ကြမ်းခင်းထဲကနေ ပန်းပင်တိုးထွက်လာပြီးပန်းလေးတစ်ပွင့် ပွင့်လာတာ တွေ့ခဲ့ရတဲ့နောက် ပါမောက္ခကျင်းပင်ကောင်းက ခိုင်ခံ့တဲ့ဂျယ်တစ်မျိုး ဖန်တီးဖို့ အကြံရခဲ့တာပါ။ကျင်းပင်ကောင်းဟာ ဟိုကိုင်းဒိုတက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့ကိုဦးဆောင်တဲ့ ပါမောက္ခဖြစ်ပါတယ်။

အမျှင်အားဖြည့် ဟိုက်ဒရိုဂျယ်ကို အရိုးနုအတု၊ အရွတ်အတု၊ ခန္ဓာကိုယ်အစိတ်အပိုင်းအတု စတဲ့ ဇီ၀ဗေဒဆိုင်ရာ အစားထိုးပစ္စည်းတွေနဲ့ အားကစားဝတ်စုံ၊ ကျည်ကာအင်္ကျ ီ၊ ခမောက် စတဲ့အရာတွေ ဖန်တီးဖို့ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ကျင်းပင်ကောင်းကပြောပါတယ်။

Ref: CNN; Revolutionary gel is five times stronger than steel

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top