Android နဲ့ Google ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ဆုံးရှုံးရတော့မယ့် Huawei

huawei-manufacturing-unit-790x444.jpg

ကမ္ဘာတစ်ဝှမ်းက Huawei အသုံးပြုသူတွေအတွက်ကတော့ ဒီသတင်းက သေချာပေါက် ထိတ်လန့်စေမယ့် သတင်းမျိုးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ Google က Huawei နဲ့ စီးပွားရေးဆိုင်ရာဆောင်ရွက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပစ်တော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာလို့ဖြစ်ပါတယ်။

Google ဟာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲထုတ်ကုန်တွေကို အကူးအပြောင်းလုပ်ဖို့ လိုအပ်မှုတွေရှိနေတဲ့ Huawei နဲ့ စီးပွားရေးဆိုင်ရာ ပတ်သက်ဆောင်ရွက်မှုတွေအားလုံးကို ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း Reuters သတင်းက ဆိုထားပါတယ်။

ဒါကြောင့် Huawei အနေနဲ့ Android operating system နဲ့ပတ်သက်ပြီး အဆင့်မြှင့်တင်မှုတွေကိုလည်း ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ Google Play Store, Gmail app အပါအဝင် ဝန်ဆောင်မှုတွေအားလုံးကို Huawei ဖုန်းတွေရဲ့ နောက်ထပ်ဗားရှင်းတွေမှာလည်း အသုံးပြုခွင့်ရရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

မကြာသေးခင်ကထွက်ရှိခဲ့တဲ့ P30, P30 Pro, Mate 20 Pro ဖုန်းအသစ်တွေရော၊ အဟောင်းတွေပါ Android Security ကို အဆင့်မြှင့်တင်လို့ရမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင် Operating System တစ်မျိုးနဲ့ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးမယ်လို့ Huawei ဘက်ကဆိုထားပါတယ်။

Huaweiနဲ့ ပူပေါင်းဆောင်ရွက်ခြင်းမရှိတော့တာက Android နဲ့ Google တို့တင်မဟုတ်ဘဲ Qualcomm နဲ့ Intel တို့ကလည်း ထုတ်ကုန်ထောက်ပံ့ပေးတာတွေကို  ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ သူတို့ထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေကို စုဆောင်းထားဖို့ဆိုရင် အနည်းဆုံး သုံးလ ကြာပါတယ်။ အခုလိုအခြေအနေမျိုးနဲ့ဆိုရင် ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို စုဆောင်းဖို့ ဘယ်လောက်ကြာနိုင်မလဲဆိုတာ ဘယ်သူမှ ပြောလို့မရဘူးဖြစ်ပါတယ်။

အခုဆိုရင် Huawei ဟာ အမေရိကန်အစိုးရရဲ့ခွင့်ပြုချက်မရှိဘဲ အမေရိကန်ကုမ္ပဏီတွေကနေ စက်ပစ္စည်းအစိတ်အပိုင်းတွေဝယ်ယူခွင့်ကိုလည်း တားမြစ်ခြင်းခံထားရပါတယ်။ လက်ရှိမှာ Huawei ဟာ ကမ္ဘာတစ်ဝှမ်းက Android ဖုန်းကုမ္ပဏီတွေကို သိသိသာသာ ကျော်လွန်ပြီး ရောင်းအားအကောင်းဆုံးဖုန်းကုမ္ပဏီတစ်ခုဖြစ်နတာပါ။ ဒါပေမဲ့ အခုလိုသတင်းကြောင့် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: Techjuice “Huawei loses access to Android and Google, effective immediately”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top