ပေါ့ဘာက ရီးရဲလ်နဲ့ ဇီဒန်းအတွက် ထိပ်တန်းကစားသမားဖြစ်လာလိမ့်မယ်လို့ အစ်ကိုဖြစ်သူ ဆို

hotsport01.jpg

ပေါ့ဘာရဲ့အစ်ကိုကတော့ ရီးရဲလ်နဲ့ အပြောင်းအရွှေ့သတင်းတွေကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ နွေရာသီ အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး မန်ယူကနေ ထွက်ခွာမယ်လို့ သတင်းထွက်ခဲ့သူပါ။ ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မှာ ကစားချင်တယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

”ကျွန်တော့်ညီက ရီးရဲလ်နဲ့ ဇီဒန်းအတွက် ထိပ်တန်းကစားသမားဖြစ်လာမယ်ဆိုတာ အားလုံးသိပါတယ်။ ရီးရဲလ်နဲ့ မန်ယူအသင်းကြား ဆွေးနွေးမှုလုပ်ဖို့ လိုပါတယ်။ (နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်ကို ပေါ့ဘာ ပြောင်းမလားဆိုတာတော့)ကျွန်တော် မသိပါဘူး။ ကျွန်တော်က ရီးရဲလ်အသင်း အတွင်းလူမဟုတ်ပါဘူး။ ဘောလုံးလောကမှာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ဇီဒန်းက ကျွန်တော့်ညီကို အမြဲတမ်းချီးကျူးပါတယ်။ ဒါက ဂုဏ်ယူစရာပါ။ နောက်တစ်ခုကတော့ ပေါ့ဘာနဲ့ပတ်သက်ပြီး ရီးရဲလ်အသင်း နားစွင့်နေပါတယ်”လို့ ပေါ့ဘာရဲ့အစ်ကို မားသီးယက်စ်က ပြောပါတယ်။

ဥရောပကလပ်အသင်းတွေအတွက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းဖို့ တစ်ပတ်ပဲ ကျန်တော့တဲ့အချိန်မှာ ပေါ့ဘာရဲ့အစ်ကိုက အခုလိုပြောခဲ့တာပါ။ မန်ယူဟာ နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဟာရဲရားကို ဆုံးရှုံးခဲ့ရပေမဲ့ ကွင်းလယ်ပိုင်း အားဖြည့်မှုမလုပ်ခဲ့လို့ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့
အစွမ်းကုန်ကြိုးစားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top