ပျားရည်လာခိုးသောက်တဲ့ဝက်ဝံတွေဆီကနေ အကြံကောင်းတစ်ခုရခဲ့တဲ့ ပျားမွေးမြူရေးသမား

28aug1911.jpg

ဝက်ဝံတွေက ပျားရည်ကြိုက်ကြတာကို စာဖတ်ပရိသတ်တွေ ကြားဖူးကြမှာပါ။ သူတို့လေးတွေက ပျားရည်မြင်ရရင်ကိုပဲ မသောက်ဘဲမနေနိုင်ကြသူလေးတွေပါ။ အဲဒီလို ကြိုက်လွန်းတဲ့သူတို့တွေေကြောင့် ပျားမွေးမြူတဲ့သူတွေတောင် ခေါင်းကိုက်နေရပါတယ်။ ချစ်စရာကောင်းတဲ့သူတို့တွေက ပျားမွေးမြူရေးခြံကို လာဖြစ်တဲ့ဧည့်သည်လေးတွေပေါ့။ ဒါပေမဲ့ တစ်ခါတရံ သူတို့လုပ်လိုက်တဲ့ ပျက်စီးမှုတွေက ထောင်ပေါင်းများစွာတန်တာကြောင့် သူတို့ကို ဘယ်သူကမှ မဖိတ်ခေါ်ကြပါဘူး။ သူတို့တွေကြောင့် ခေါင်းရှုပ်နေရတဲ့သူတွေထဲမှာ အစ်ဘရာဟင် ဆီဒတ်ဖ် (Ibrahim Sedef) ဆိုတဲ့ ပျားမွေးမြူရေးသမားတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူက ပျားအုံတွေနားကနေ ဝက်ဝံတွေ ဝေးဝေးနေဖို့ ကြိုးစားနေရပါတယ်။

အစ်ဘရာဟင် ဆီဒတ်ဖ် (Ibrahim Sedef) က တူရကီနိုင်ငံ၊ ထရပ်ဇွန်မြို့မှာ နေထိုင်ပြီး ပျားမွေးမြူရေးကို လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်ပါ။ တချို့အချိန်တွေမှာ သူဟာ ပျားရည်သောက်ရဖို့အတွက် ပျားအုံတွေဆီလာတဲ့ ဝက်ဝံတွေရန်ကို ကာကွယ်ဖို့ ရုန်းကန်နေရပါတယ်။ ပျားအုံတွေကို ကာကွယ်ဖို့ ဆီဒတ်ဖ်က ပျားအုံတွေနားမှာ သတ္တုလှောင်အိမ်ထားတာ၊ ပေါင်မုန့်၊ အသီး၊ ပျားရည်တွေလို အစားအစာတွေထားတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လို့ အဲဒါတွေက အလုပ်မဖြစ်ခဲ့ဘဲ ပျားအုံတချို့က ပျက်စီးနေဆဲပါပဲ။

ဒါကြောင့်မို့ ဆီဒတ်ဖ်က ဝက်ဝံတွေရဲ့လှုပ်ရှားမှုနဲ့ အပြုအမှုတွေအကြောင်း ပိုပြီးလေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါတွေ လေ့လာဖို့အတွက် သူ့ရဲ့ပျားမွေးမြူရေးခြံထဲမှာ လျှို့ဝှက်ကင်မရာတွေကို တပ်ဆင်ခဲ့ပါတယ်။ ဒီဝက်ဝံတွေ ဘယ်လိုတပတ်ရိုက်မလဲဆိုတာ သိရဖို့ကြိုးစားရင်းနဲ့ အကြံတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ဝက်ဝံတွေက ပျားရည်ရဲ့ကောင်းတဲ့အရသာကို ခံတတ်တာကြောင့် သူတို့တွေကို ပျားရည်အရသာမြည်းစမ်းတဲ့သူတွေအဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။

ဆီဒတ်ဖ်က ဝက်ဝံတွေကို တည်ခင်းဖို့အတွက် စားပွဲတစ်ခုပေါ်မှာ ပျားရည်အမျိုးအစား (၄) မျိုးကို တင်ထားလိုက်ပါတယ်။ ဝက်ဝံတွေက ပျားရည်အရသာခံနိုင်စွမ်းအားကောင်းတာကြောင့် ရလဒ်ကတော့ စိတ်ပျက်စရာမရှိခဲ့ပါဘူး။ ဝက်ဝံတွေက အမြဲတမ်း Anzer ဆိုတဲ့ပျားရည်ကို အရင်ဆုံးအရသာခံခဲ့ပါတယ်။ တစ်ခါတရံ Cherry Blossom ပျားရည်ကိုတောင် မထိခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီ နာမည်ကြီး Anzer ပျားရည်က (၂) ပေါင်ကို ဒေါ်လာ (၃၀၀) ကျော်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။

Ref: Boredpanda “After Bears Kept Coming To This Man’s Bee Farm To Steal Honey, He Decided To Turn Them Into Honey Tasters”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top