အမှားအယွင်းများနေတဲ့ နောက်ခံလူ ဒေးဗစ်လုဇ်ကို အာဆင်နယ်အသင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

24-6-2020-yyl-056.jpg

အာဆင်နယ်အသင်းဟာ ဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အငှားကစားသမားတွေဖြစ်တဲ့ စီဒရစ်ဆိုးရက်စ်နဲ့ ပက်ဘလိုမာရီတို့ကိုလည်း အပြီးသတ်စာချုပ်တွေ ချုပ်ဆိုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဒေးဗစ်လုဇ် ချုပ်ဆိုထားတဲ့စာချုပ်က အခုလကုန်ရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒေးဗစ်လုဇ်ရဲ့ခြေစွမ်းကလည်း အမှားအယွင်းတွေများနေလို့ သူ့ကို စာချုပ်သစ် ချုပ်ပါ့မလားလို့ သံသယရှိနေချိန်မှာ အာဆင်နယ်က အခုလိုကြေညာခဲ့တာပါ။

မန်စီးတီးကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင် ကစားသမား ဒေးဗစ်လုဇ်ရဲ့ အမှားကြောင့် အာဆင်နယ်အသင်း အဖွင့်ဂိုးပေးခဲ့ရသလို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ပြီး တခြားရွေးချယ်စရာ ကစားသမား များများစားစား မရှိတဲ့အခြေအနေမှာ အာဆင်နယ်အသင်းက အတွေ့အကြုံရင့်တဲ့ ဒေးဗစ်လုဇ်ကို ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top