ကမ္ဘာ့အကောင်းဆုံးအသင်းစာရင်းမှာ မန်ယူအသင်း အဆင့် (၃၄) နေရာရပ်တည်

66735001_2483412148356357_2708909772794494976_n.jpg

FiveThirtyEight အဖွဲ့ရဲ့ ဘောလုံးကျွမ်းကျင်ပညာရှင်တွေက အညွှန်းကိန်းတန်ဖိုးတွက်ချက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းကိုရွေးချယ်ရာမှာ မန်စီးတီးက အဆင့် (၁) နေရာမှာရပ်တည်ခဲ့ပါတယ်။ Soccer Power Index (SPI)လို့ အမည်ပေးထားတဲ့အညွှန်းကိန်းအရ အသင်းတွေကို တိုက်စစ်စွမ်းရည်နဲ့ ခံစစ်စွမ်းရည်အဆင့်သတ်မှတ်ပြီး အမှတ်ပေးတာဖြစ်ပါတယ်။

ကြားကွင်းမှာသွင်းယူတဲ့ ပျမ်းမျှသွင်းဂိုးကိုကြည့်ပြီး တိုက်စစ်စွမ်းရည်၊ ပေးဂိုးအရေအတွက်ကိုကြည့်ပြီး ခံစစ်စွမ်းရည် သတ်မှတ်တာပါ။ အဲဒီသတ်မှတ်ချက်အရ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးက အဆင့်(၁)၊ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်က အဆင့်(၂)၊ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးက အဆင့်(၃) လာလီဂါချန်ပီယံ ဘာစီလိုနာက အဆင့်(၄)၊ ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီးက အဆင့်(၅)သတ်မှတ်ခံခဲ့ရပါတယ်။ မန်ယူအသင်းကတော့ အီဘာ၊ ဂီတာဖေး၊ ပီအေအိုကေ၊ ယန်းဘွိုင်းစ် စတဲ့ အလယ်အလတ်အသင်းတွေရဲ့နောက် အဆင့် (၃၄) နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မန်ယူထက် ရမှတ် (၁၂) မှတ်နည်းခဲ့တဲ့ အဲဗာတန်ကတောင် မန်ယူထက် အဆင့် (၈) ဆင့်ပိုသာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top