Harry Potter ရဲတိုက်ရှိရာ အိုဆာကာ

61167704_2092927394337855_3731243084529270784_n.jpg

ဂျပန်နိုင်ငံကအထင်ကရမြို့ အိုဆာကာမြို့က မသွားမဖြစ်နေရာ (၅) ခုကို ပြောပြချင်ပါတယ်နော်။

Universal Studio

Happy Potter ဇာတ်ကားထဲကရဲတိုက်ကြီးက ဒီ Osaka မြို့က universal Studio မှာရှိတာပါနော်။ US မှာလည်း ရှိပေမဲ့ Japan ကကျ ပိုပြီးသွားရတာအဆင်ပြေတယ်လေ။ ဇာတ်ကားထဲက Harry တို့ ပစ္စည်းတွေဝယ်တဲ့ Hogsmeade magic ရွာလေးလည်းရှိပြီး ရဲတိုက်ထဲမှာတော့ 4D ride လုပ်ထားတယ် Castle ထဲမှာ 4D ride သွားတဲ့ရတဲ့လမ်းမှာ ဇာတ်ကားထဲကလိုနေရာတော်တော်များများပြင်ဆင်ထားတာတွေ့ရတယ်။ ဇာတ်ကားထဲက အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ Hogwarts က အင်္ကျီတွေ မှော်တုတ်တံ မှော်တံမြက်စီးကအစ ချိုချဉ်တွေလည်းဝယ်လို့ရတယ်။

Shinsekai and Tsutenkaku Tower

Shinsekai ကဆိုရင် 20th century အစောပိုင်းက New York နဲ့ Paris ကို အခြေခံပီး ဆောက်ထားတဲ့နေရာလေးဖြစ်ပါတယ်။ အခုတော့ နောက်ပိုင်း tourist attraction ဖြစ်လာတော့ သူတို့ ဂျပန်မှုပြုလိုက်တာ New York နဲ့ Paris ကိုအခြေခံထားမှန်းကိုမသိသာတော့ဘူး။ ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာလေးဖြစ်ပြီး အိုဆာကာအစားစာတွေအများကြီး ရှိလို့နေ့လည်စာပါစားခဲ့ပါလို့…။

Osaka Castle

ဒီ နာမည်ကြီး Osaka Castle လေးကိုသွားလည်ချင်ရင် ပိုးအိကတော့ ဆာကူရာတွေပွင့်တဲ့အချိန် March အကုန်ကိုသွားစေချင်ပါတယ်။ အရမ်းကိုလှပတဲ့ view ကိုခံစားနိုင်မှာဖြစ်ပြီး castle ထဲမှာလည်း ပြတိုက်လုပ်ထားလို့ သွားဖြစ်အောင်သွားခဲ့ပါ။

Dotonbori

မီးရောင်စုံလင်စွာနဲ့လှပတဲ့ Dotonbori ကိုသွားမယ်ဆိုရင်ညဘက်ကို သွားဖို့ recommend ပေးပါတယ်။ night out လုပ်ဖို့ မရေမတွက်နိုင်တဲ့ bar တွေ၊ စားသောက်ဆိုင်တွေ ပြီးတော့ souvenirs ဆိုင်တွေလဲရှိတယ်။ အဲဒီမှာ ဆိုင်အကြီးကြီးတွေနဲ့အပြိုင်အဆိုင်ရောင်းကြတဲ့ ရေဘဝဲလုံး Takoyaki စားခဲ့ပါလို့..။

Shitennō-ji Temple

လည်တာတွေဝပြီဆို အိုဆာကာ က နာမည်ကြီး Temple လေးကိုသွားလည်စေချင်ပါတယ်။ ဒီမှာထူးခြားတာကတော့ ဒီ temple လေးဟာ ဂျပန်ရဲ့ ပထမဆုံး Buddhist temple ဖြစ်ပီး 1960 မှာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ကီမိုနိုလေးတွေငှားပြီး အဲဒီမှာလှလှလေးဓာတ်ဖမ်းခဲ့နော်။

Ref: Let’s Explore With Poeei
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top