ကလေးတွေကို ပျော်သွားစေတဲ့ ကိုသန်းထွန်းဝင်းရဲ့ Lesswalk အစီအစဉ်

64741287_10156153844362115_8635716748647071744_n.jpg

Lesswalk အစီအစဉ်တည်ထောင်သူ ကိုသန်းထွန်းဝင်းက မြန်မာနိုင်ငံက လမ်းလျှောက်ပြီးကျောင်းတက်နေရတဲ့ ကလေးတွေကို စက်ဘီးအစီး (၁၀၀၀၀) လှူဒါန်းမယ်ဆိုတဲ့ သတင်းကို အရင်က ဖတ်ဖူးပြီးသားဖြစ်မှာပါ။ အခုဆိုရင်တော့ မြန်မာနိုင်ငံက ကျောင်းသား/ ကျောင်းသူတွေက ဒီစက်ဘီးတွေကို လက်ခံရရှိသွားခဲ့ပါပြီ။ ဇွန်လ (၁၈) ရက်နေ့မှာ သူတို့တွေရဲ့ စက်ဘီးလေးတွေကို ကိုသန်းထွန်းဦးနဲ့အတူ စမ်းစီးကြည့်ခဲ့ကြပါတယ်။ စက်ဘီးလေးတွေကို လက်ခံရယူနေစဉ်မှာလည်း သူတို့လေးတွေရဲ့အပျော်တွေကို မြင်တွေ့ခဲ့ရပါတယ်။

အသက် (၁၁) နှစ်အရွယ် မသဲစုဝေက “ကျောင်းရောက်ဖို့ (၁၀) ကီလိုမီတာ လမ်းလျှောက်စရာမလိုတော့ပါဘူး။ စာလေ့လာဖို့နဲ့ သူငယ်ချင်းတွေနဲ့ ကစားဖို့ အချိန်ပိုရတော့မယ်” လို့ ဝမ်းသာပီတီဖြစ်စွာနဲ့ ပြောခဲ့ပါတယ်။ ကိုသန်းထွန်းဝင်းက ကျောင်းကို အချိန်အကြာကြီး လမ်းလျှောက်ပြီးသွားခဲ့ရတဲ့ ကျောင်းသား/ကျောင်းသူတွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိတဲ့အတွက် အခုလို စက်ဘီးတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 

Ref: The Straits Times
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top