အဆက်မပြတ် ခွေးဟောင်မှုကို တားမြစ်ချက် ထုတ်ပြန်လိုက်တဲ့ ပြင်သစ်မြို့တော်ဝန်

hot3.jpg

ပြင်သစ်နိုင်ငံမြောက်ပိုင်းက မြို့တစ်မြို့မှာ ခွေးဟောင်သံကြောင့် ပတ်ဝန်းကျင်ဆူညံတာကို လျှော့ချနိုင်ဖို့အတွက် မြို့တော်ဝန်က အဆက်မပြတ် ခွေးဟောင်မှုကို တားမြစ်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး ဆုခြာမြို့ (Feuquières)မှာ နေထိုင်တဲ့ ခွေးပိုင်ရှင်တွေအနေနဲ့ သူတို့မွေးထားတဲ့ခွေးတွေက အဆက်မပြတ်ဟောင်ရင်၊ အချိန်အကြာကြီးဟောင်ရင် ဒဏ်ငွေအဖြစ် ယူရို (၆၈) (အမေရိကန်ဒေါ်လာ (၇၇) ဒေါ်လာ)ပေးဆောင်ရမှာပါ။ နေ့၊ ညမပြတ် ခွေးဟောင်တဲ့အတွက် ပတ်ဝန်းကျင်က သည်းမခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာကို တုံ့ပြန်ဖြေရှင်းဖို့ အခုလို အမိန့်ဒီကရီထုတ်ပြန်လိုက်ရတာလို့ ဆုခြာမြို့တော်ဝန် ယန်းပါရီအက်စတီယန်က ပြောပါတယ်။

အခုလ အစောပိုင်းမှာ ဒေသဆိုင်ရာ ကောင်စီက အတည်ပြုခဲ့တဲ့ အမိန့်ဒီကရီအရ အနီးနားမှာ ခွေးပိုင်ရှင်တွေမရှိဘဲ ခွေးတွေကို လှောင်အိမ်ထဲ ပိတ်ထားတာမျိုးကို တားမြစ်ထားပါတယ်။ အဲဒီအမိန့်ဒီကရီကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပြီး ” ခွေးတွေမှာ ပါးစပ်ပါတော့ ဟောင်မှာပဲ”လို့ တုံ့ပြန်ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top