နှင်းတောထဲမှာအေးခဲပြီး သေဘေးနဲ့ကြုံခဲ့ရာကနေ ပြန်ကောင်းလာတဲ့ ကြောင်လေး

c1-1.jpg

ပြီးခဲ့တဲ့လက ကြောင်လေးတစ်ကောင်ကို မွန်တားနားပြည်နယ်က တိရစ္ဆာန်ဆေးကုခန်းတစ်ခုမှာ အသည်းအသန်ကယ်တင်ခဲ့ရတဲ့ အဖြစ်တစ်ခုဖြစ်ပွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ပဲ ကြောင်လေးရဲ့ အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။

အမွှေးတွေရေခဲနေတဲ့ ဒီအမွှေးပွကြောင်လေးကို သူ့ပိုင်ရှင်တွေက နှင်းတောထဲမှာ တွေ့ခဲ့ကြတာပါ။ မွန်တားနားပြည်နယ်ရဲ့ ရာသီဥတုက အရိုးခိုက်လောက်အောင်အေးစက်ပြီး အပူချိန် (၈) ဒီဂရီပဲရှိတဲ့အပြင် တစ်လတာလုံးမှာလည်း ၁၆ လက်မအထူရှိတဲ့နှင်းတွေကို အမြဲတွေ့မြင်နေရပါတယ်။

ဆေးကုခန်းကိုရောက်ချိန်မှာ ကြောင်လေးရဲ့အပူချိန်က အရမ်းကျနေပြီး သာမိုမီတာနဲ့ တိုင်းလို့မရခဲ့ပါဘူး။ ရေနွေးနဲ့ စောင်တွေကိုအသုံးပြုပြီး နှစ်နာရီကြာပြုစုပေးခဲ့တာတောင် ကြောင်လေးရဲ့အပူချိန်က အရမ်းနည်းနေဆဲဖြစ်တာကြောင့် အရေးပေါ်ခန်းထိပို့ဆောင်ကုသခဲ့ပြီး နာရီအနည်းငယ်အကြာမှာမှ ပြန်သက်သာလာတဲ့အရိပ်အယောင်ကို စတွေ့ခဲ့ရပါတယ်။

သတိပြန်လည်လာပြီး လုံးဝပြန်ကောင်းသွားတဲ့အတွက် အခုတော့ ကြောင်လေးက သူ့ရဲ့ပိုင်ရှင်တွေနဲ့အတူ အိမ်ပြန်ရောက်နေပါပြီ။ အသက်ရှင်ဖို့မဖြစ်နိုင်လောက်အောင် ရေခဲတွေဖုံးပြီး အေးခဲနေခဲ့ပေမဲ့ အသက်ရှင်နိုင်ခဲ့တာမို့ အင်မတန်အသက်ပြင်းတဲ့ကြောင်လေးလို့တောင် ပြောရမလိုပါပဲ။

Ref: ABC News “Frozen cat revived after being found in Montana snow bank”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top