တွစ်တာမှာ စံချိန်တင်လူကြိုက်များခဲ့တဲ့ အိုဘားမားရဲ့ရေးသားဖော်ပြချက်

170816-obama-day-care-center-mn-1015_528ad8abf859ecbbe0ed4441a344a2b6.nbcnews-fp-1200-800.jpg

ရှားလော့ဗီးမြို့ (Charlotteville) က ဆူပူအုံကြွမှုတွေနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း အိုဘားမားရဲ့ ရေးသားဖော်ပြချက် (Tweet) က တွစ်တာသမိုင်းတစ်လျှောက် လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။

အိုဘားမားဟာ တွစ်တာပေါ်မှာ စာကြောင်းသုံးကြောင်း ရေးသားဖော်ပြခဲ့ရာမှာ ပထမဆုံးစာကြောင်းကတော့ တောင်အာဖရိက ငြိမ်းချမ်းရေး ဗိသုကာရှင် နယ်ဆင်မန်ဒဲလားရဲ့ အတ္တုပ္ပတ္တိစာအုပ် Long Walk To Freedom ထဲက ဖြစ်ပါတယ်။ ”မွေးကတည်းက အသားအရောင်နဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် တခြားသူတစ်ယောက်ကို မုန်းတီးလာတဲ့သူ မရှိပါဘူး”ဆိုတဲ့ စာသားပါ။

”လူတွေက မုန်းတတ်ဖို့ သင်ယူကြရပါတယ်။ မုန်းတတ်ဖို့ သင်ယူနိုင်တယ်ဆိုရင် ချစ်တတ်ဖို့ သင်ပေးလို့လည်း ရမှာပါ။ လူသားတွေရဲ့ နှလုံးသားထဲမှာ မုန်းတီးစိတ်ထက် ချစ်ခြင်းမေတ္တာက ပိုဖြစ်ထွန်းလွယ်ပါတယ်”လို့ အိုဘားမားက ရေးသားထားပါတယ်။ အိုဘားမားဟာ အသားအရောင် အမျိုးမျိုးရှိတဲ့ ကလေးငယ်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အသုံးပြုပြီး အဲဒီလို ရေးသားဖော်ပြခဲ့တာပါ။

အိုဘားမားရဲ့ ရေးသားဖော်ပြချက်ကို ကြိုက်နှစ်သက်သူ သုံးသန်းကျော် ရှိခဲ့ပြီး မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့တဲ့ ဗြိတိန်အဆိုတော် အရီယားနားဂရန်ဒီရဲ့ ရေးသားဖော်ပြချက်ထက် ပိုပြီးလူကြိုက်များခဲ့ပါတယ်။

Ref : NY Time News : Obama’s Charlottesville Response, Boosted by Nostalgia, Becomes Most-Liked Tweet Ever

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top