၂၀၁၇ခုနှစ် ဩဂုတ်လမှာ ဖြစ်ပေါ်မယ့် နေကြတ်ခြင်း

97425889_eclipse_explainer_624.png.jpg

နေကြတ်ခြင်းဖြစ်စဉ်ဟာ ဒီဩဂုတ်လ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်မှာဖြစ်ပြီး အမေရိကန်ကနေ ဆိုရင် လုံးဝပြည့်ပြည့်ဝဝ မြင်နိုင်မယ်လို့ ဆိုပါတယ်။ နေရာဒေသအလိုက် မြင်ရပုံခြင်းတော့ ကွာခြားပါလိမ့်မယ်။ ဒီအချိန်မှာ လဟာ နေနဲ့ ကမ္ဘာကြား ဖြတ်သန်းမှာဖြစ်ပြီးတော့ ရာသီဥတုသာ ကြည်လင်မယ်ဆိုရင် ပိုရှင်းရှင်းလင်းလင်း မြင်နိုင်ပါလိမ့်မယ်။ အချိန်ကာလကတော့ အမေရိကန်မှာ နေ့လည်ခင်းအချိန် ၁၁နာရီကနေ ၂နာရီအထိ ဖြစ်ပါမယ်။ ဒီတစ်ခေါက် နေကြတ်ခြင်းဟာ နေအပြည့်ကြတ်မှာဖြစ်ပြီး နေ၊ လ၊ ကမ္ဘာတို့ဟာ တစ်ဆက်တည်း တစ်တန်းတည်း ကျရောက်နေမှာဖြစ်ပါတယ်။ လဟာ ကမ္ဘာနဲ့ အနီးကပ်ဆုံး အနေအထားအထိ ရောက်လာမှာ ဖြစ်ပါတယ်။

ယခုတစ်ခါ ကျရောက်မယ့် နေကြတ်ခြင်းဟာ လူကြည့်အများဆုံး ဖြစ်မယ်လို့ သိရပါတယ်။ ဒီလိုမျိုး နေအပြည့်ကြတ်ခြင်းဟာ အမေရိကန်မှာ မဖြစ်ပေါ်ခဲ့တာကြာပြီမို့ အားလုံးက စောင့်မျှော်နေကြပါတယ်။ တစ်ကယ်လို့သာ တိမ်တွေကင်းရှင်းနေခဲ့မယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်လို့ ပြောကြပါတယ်။ နေကြတ်တဲ့လမ်းကြောင်း ဖြတ်သန်းရာလမ်းတစ်လျှောက်မှာ နင်ဘရာစကာ၊ ကင်တက်ဂီနဲ့ တင်နက်ဆီပြည်နယ်တို့ ပါဝင်မှာဖြစ်ပါတယ်။ နေရာဒေသကိုလိုက်ပြီးတော့ ကွဲပြားခြားနားမှာဖြစ်ပြီး ပုံမှန်အားဖြင့် မိုင် ၇ဝ စာလောက် အရိပ်ကျမှာပါ။

အခုလို မိုဘိုင်းဖုန်းတွေပေါများလာတဲ့ခေတ်မှာ အင်တာနက်ပေါ်မှာလည်း နေကြတ်မယ့်အကြောင်းတွေ အပြိုင်အဆိုင်တင်ကြရင်း စိတ်လှုပ်ရှားနေကြပါတယ်။ နေရာအနှံ့က ကမ္ဘာလှည့်ခရီးသွားတွေကလည်း အမေရိကန်မှာ စုရုံးရောက်ရှိနေကြတယ်လို့ သိရပါတယ်။ အခုဆိုရင် နေကြတ်တဲ့နေ့ မှာ ဗီဒီယိုနဲ့ ဓာတ်ပုံရိုက်တင်ကြမယ့်သူတွေ များပြားမှာကြောင့် အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကလည်း internet trafficမဖြစ်ရအောင် ကြိုတင်စီစဉ်နေကြပါတယ်။ နေကြတ်တာကြည့်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ နေကာမျက်မှန်တွေဟာလည်း အရောင်းသွက်နေပါတယ်။

Ref : Tech Insider : Everything you need to know about the 2017 solar eclipse

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top