ဘာကြောင့် Recycle လုပ်သင့်ပါသလဲ

re.jpg

အသုံးမဝင်လို့ ပစ်လိုက်တဲ့ ပစ္စည်းတွေကို recycle လုပ်ပြီး ပြန်လည်အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်သလို သဘာဝစွမ်းအင်များကိုလည်း ချွေတာရာရောက်ပါတယ်။

မိမိနေထိုင်တဲ့ပတ်ဝန်းကျင်ကို ပိုမိုနေချင်စဖွယ်ဖြစ်အောင် ထိန်းသိမ်းဖို့က ကိုယ် ကိုယ်တိုင်ရဲ့တာဝန်ပဲ မဟုတ်ပါလား။ Reduce, Reuse, Recycleလုပ်ခြင်းအားဖြင့် ငွေချွေတာနိုင်သလို အလေအလွင့်ဖြစ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဘာ့ကြောင့် recycle လုပ်သင့်သလဲဆိုတာ အောက်မှာ အနည်းငယ်ရှင်းပြထားပါတယ်။

၁။ Recycleလုပ်ခြင်းအားဖြင့် မြေမြှုပ်ပစ်ရမယ့် မီးရှို့ပစ်ရမယ့် အမှိုက်သရိုက်တွေကို လျှော့ချပေးပြီးသား ဖြစ်သွားပါတယ်။ အမှိုက်ပုံတွေကိုလည်း အများကြီးထားစရာ မလိုတော့ဘူးပေါ့။ ဘယ်သူက အမှိုက်ပုံဘေးနားပတ်ဝန်းကျင်မှာ နေချင်ပါလိမ့်မလဲ။ လေထုညစ်ညမ်းမှုကိုလည်း လျှော့ချပေးပြီးသားဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အတွက်လည်း အကျိုးရလဒ်ကောင်းတွေ ရစေပါတယ်။

၂။ သင်စွန့်ပစ်လိုက်တဲ့ပစ္စည်းတွေက အသုံးဝင်တဲ့ resourceတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါလိမ့်မယ်။ တစ်ချို့ပစ္စည်းတွေဆိုရင် သေချာပြန်လည်သန့်စင်ပြီး ထုတ်ကုန်အသစ်တွေ ထုတ်လုပ်ဖို့အတွက် ပြန်လည်ထုတ်လုပ်တဲ့ သူတွေဆီ တင်ပို့ပါတယ်။ ဒါက resource တွေကို ချွေတာရာရောက်ပါတယ်။ ဥပမာပြောရရင် စာရွက်တွေ ထုတ်လုပ်ဖို့အတွက် သစ်ပင်တွေအများကြီးကို ခုတ်လှဲရသလိုမျိုး အရင်က ၁၀ ပင်လှဲရင် အခု ၅ ပင်လောက်အထိ လျှော့ချပေးနိုင်သလိုမျိုးပေါ့။

၃။ recyclingလုပ်ပြီး အသုံးပြုခြင်းအားဖြင့် ဂေဟဗေဒစနစ်ကို အထောက်အကူပြုပြီးသားဖြစ်ပါတယ်။ အစားအသောက် အသီးအနှံစတာတွေကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျအသုံးပြုခြင်းအားဖြင့် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါလိမ့်မယ်။

၄။ အရေးအကြီးဆုံးက ပလတ်စတစ်ပစ္စည်းတွေပါ။ အားလုံးသိတဲ့အတိုင်း ပလတ်စတစ်ဆိုတာမျိုးက လွယ်လွယ်ကူကူပျက်စီးသွားနိုင်တဲ့အရာမဟုတ်တော့ သေချာစီစဉ်နိုင်မှရမှာပါ။ အခုအခါ recycle လုပ်နိုင်တဲ့ပလတ်စတစ်ပစ္စည်းပေါင်း ၆မျိုးလောက်ရှိနေပြီလို့ဆိုပါတယ်။ ဒါ့ကြောင့် ပလတ်စတစ်ရေဘူးတွေကအစ ပုံးတွေအထိ အလေအလွင့်မဖြစ်စေရအောင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

၅။ စာရွက်တွေကို recycle လုပ်တဲ့နေရာမှာ အကြိမ်အနည်းငယ်သာ ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။ စာရွက်မှာပါတဲ့ အမျှင်တွေဟာ ငါးကြိမ် ခြောက်ကြိမ်လောက် recycle လုပ်ပြီးရင် အသုံးပြုမရတော့ပါဘူး။ အရည်အသွေးဟာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ပုံးခွံဘူးခွံတွေထုတ်ပိုးတဲ့နေရာမှာဖြစ်ဖြစ် ပေါင်မုန့်တွေကိုကာပေးတဲ့အကာပဲဖြစ်ဖြစ် စတဲ့နေရာမျိုးတွေမှာ အသုံးပြုပါတယ်။ ဒါ့ကြောင့် စာရွက်တွေကို ချွေတာတာ recycleလုပ်ပြီးသုံးတာက သစ်ပင်တွေကို ကာကွယ်ပေးတာနဲ့ တူတူပါပဲ။

၆။ အချိုရည်ဘူးခွံတွေနဲ့ စည်သွတ်ဘူးခွံတွေလိုမျိုး သတ္တုပစ္စည်းတွေကို recycle လုပ်တာက စွမ်းအင်အများကြီး ချွေတာရာရောက်ပါတယ်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းဟာလည်း သဘာဝ အရင်းအမြစ် အများအပြားအသုံးပြုရတာကြောင့် ဒါကိုစနစ်တကျ recycle လုပ်ခြင်းဟာ သဘာဝ အရင်းအမြစ်တွေကို ကာကွယ်ရာရောက်ပါတယ်။ ပြောရမယ်ဆိုရင် အလူမီနီယံဘူးတွေကို သေချာ recycleပြန်လုပ်ပြီး ပြန်လည်အသုံးပြုခြင်းအားဖြင့် စွမ်းအင် ၉၀ ရာခိုင်နှုန်း ချွေတာရာရောက်ပါတယ်တဲ့။ ဒီစွမ်းအင်က တီဗီ ၃နာရီစာ ကြည့်နိုင်ဖို့ power ထောက်ပံ့ပေးတာနဲ့ တူညီပါတယ်။

Ref : RecycleForwales : Why should we recycle

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top