လေယာဉ်ပေါ်မှာ သတိလစ်သွားသူကို အမြွှာညီအစ်မက အသက်ကယ်ပေး

22-8-2022-yyl-07.jpg

လေယာဉ်ပေါ်မှာ သတိလစ်သွားတဲ့ အမျိုးသမီးတစ်ဦးကို အမြွှာညီအစ်မနှစ်ယောက်က အသက်ကယ်ပေးခဲ့ပါတယ်။ သြဂုတ်လ ၁ ရက်နေ့က ဘော်စတွန်မြို့ကနေ ဖလော်ရီဒါကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ အမျိုးသမီးတစ်ယောက် သတိလစ်သွားလို့ ဆေးပညာ တတ်ကျွမ်းသူပါရင် ကူညီပေးဖို့ လေယာဉ်မယ်က အကူအညီတောင်းခဲ့တာပါ။

နီကိုးကယ်လီက သူနာပြုဖြစ်ပြီး သူ့ညီမ လင်ဆေးဘရန်းကတော့ မီးသတ်ဌာနမှာ မီးသတ်သမား၊ ဆေးအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသူပါ။ သူတို့က အမျိုးသမီးကို ကြည့်လိုက်တော့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှလုံးခုန်တာ အရမ်းနှေးနေတယ်၊ အသက်ရှူဖို့လည်း ခက်ခဲနေတယ်ဆိုတာ သတိထားမိခဲ့ကြပါတယ်။

” သူက သန့်စင်ခန်းထဲမှာ သတိလစ်သွားတာပါ။ ကျွန်မတို့ သူ့ကို စတွေ့တော့ ဘာဖြစ်သွားမှန်း မသိဘူး။ နောက်တော့ အပြင်ကို ခေါ်ထုတ်လာတော့မှ ခုန်နေတဲ့အသံသဲ့သဲ့ ကြားရတယ်။ အဲဒါက သူ့ရဲ့သွေးတွင်းသကြားဓာတ် တိုင်းတာတဲ့စက် ဖြစ်နေတာပါ။ ဒီတော့မှ သူ့ရဲ့သွေးတွင်းသကြားဓာတ် လျော့နည်းမှုက အရေးပေါ်အခြေအနေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါနဲ့ပဲ သကြားထုတ်တွေဖောက်ပြီး သူ့လျှာအောက်မှာ ထားထားပေးလိုက်တာပါ။ နောက်တော့ သူ သတိပြန်ရလာတယ်”လို့ ကယ်လီက ပြောပါတယ်။

သူတို့ညီအစ်မနဲ့ လေယာဉ်မယ်ဟာ လေဆိပ်ကို လေယာဉ်မဆိုက်မချင်း အဲဒီအမျိုးသမီးဘေးမှာ အတူနေပေးခဲ့ကြပါတယ်။ လေဆိပ်ရောက်ချိန်မှာတော့ အမျိုးသမီးကို လူနာတင်ယာဉ်နဲ့ခေါ်ပြီး ဆေးရုံပို့ခဲ့ကြပါတယ်။

Ref:Twin Sisters Help Save Unconscious Woman During Flight

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top