အောက်တိုဘာလမှာ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ့် ကိုရီးယားမင်းသား ဂျန်ဒုံယွန်း

234324-800x500-1.jpg

The Tale of Nokdu ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ တောင်ကိုရီးယားမင်းသား ဂျန်ဒုံယွန်းဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။ ဂျန်ဒုံယွန်းက လာမယ့်အောက်တိုဘာမှာ လက်ထပ်မယ်ဆိုတဲ့အကြောင်းကို လက်ရေးစာတစ်စောင်နဲ့အတူ ဩဂုတ် ၂၅ ရက်နေ့က ကြေညာပေးခဲ့တာပါ။

” ဟယ်လို….ကျွန်တော် ဂျန်ဒုံယွန်းပါ။ ဒီနေ့ ကျွန်တော် ကိုယ်ရေးကိုယ်တာအရ မျှဝေပေးချင်တဲ့ အကြောင်းလေးရှိတဲ့အတွက် ဒီစာကို ရေးလိုက်တာပါ။ ဒီလာမယ့်အောက်တိုဘာမှာ ကျွန်တော် အချိန်အကြာကြီးအတူရှိနေခဲ့တဲ့သူနဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ မိသားစုနှစ်စုလုံးတက်ရောက်ပြီး ဝတ်ပြုကိုးကွယ်မှုပုံစံနဲ့ မင်္ဂလာပွဲကို တိတ်တဆိတ်ကျင်းပဖို့ စီစဉ်ထားပါတယ်။ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချရမှာ တော်တော်လေးစဉ်းစားခဲ့ရတာပါ။ ကျွန်တော်တို့ အချိန်ကြာကြီးအတူရှိခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့တဲ့အတွက် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ပိုပြီးနားလည်ပြီး တန်ဖိုးထားလာကြပါတယ်။ အခု ကျွန်တော်တို့ အနီးကပ်ယုံကြည်ရသူတွေအဖြစ် တစ်ယောက်နဲ့တစ်ယောက်ရှိနေဖို့နဲ့ ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကို အတူတူတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ ပရိသတ်တွေက ကျွန်တော့်ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ခရီးလမ်းတစ်လျှောက်မှာ အမြဲတမ်း အားပေးခဲ့ကြတဲ့အတွက် ဒီသတင်းကို ပရိသတ်တွေအားလုံးကို အရင်ဆုံးမျှဝေပေးချင်ခဲ့တာပါ။ ဒီသတင်းက အံ့ဩစရာဖြစ်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို နွေးထွေးတဲ့နှလုံးနဲ့ ဆက်လက်အားပေးမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ ပိုရင့်ကျက်တဲ့လူတစ်ယောက်အနေနဲ့ နေထိုင်ရင်း သရုပ်ဆောင်တစ်ယောက်အဖြစ် အကောင်းဆုံးဆက်ကြိုးစားသွားမှာပါ။ ကျေးဇူးတင်ပါတယ်။ လေးစားစွာဖြင့် ဂျန်ဒုံယွန်း “လို့ လက်ရေးစာရေးသားခဲ့တာပါ။

မင်းသားဂျန်ဒုံယွန်းက မင်းသမီးကင်ဆောင်ယွန်းနဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ နောက်ထပ်သတင်းဌာနတွေကလည်း ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဂျန်ဒုံယွန်းရဲ့အေဂျင်စီ BH Entertainment က ” ဂျန်ဒုံယွန်းနဲ့ ကင်ဆောင်ယွန်းတို့ဟာ အောက်တိုဘာလမှာ မိသားစုဝင်တွေနဲ့အတူ မင်္ဂလာပွဲကို တိတ်တဆိတ်ကျင်းပသွားမှာဖြစ်တယ် “လို့အတည်ပြုခဲ့ပါတယ်။

Ref: Jang Dong Yoon Announces Marriage To Kim Seung Yoon In Heartfelt Letter

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top